Part ( 11 )

1.1K 49 1
                                    

မနက်ထဲက ဖုန်းတဂွမ်ဂွမ်ဆက်ကာ အရုပ်ပူဆာနေသော အသည်းကျော်လေးကြောင့် အံ့မင်းသာ Junction Squareကို ထွက်လာခဲ့သည်။ ကားပါကင်တွင် ကားရပ်နေတုန်း အစ်မဝမ်းကွဲထံမှ ဖုန်းဝင်လာတာကြောင့် ကားပေါ်က မဆင်းသေးပဲ ဖုန်းအရင်ကိုင်လိုက်သည်။ ဖုန်းကိုင်လိုက်တာနှင့် တဖက်မှထွက်ပေါ်လာသော အသံစူးစူးလေးကြောင့် သူပြုံးလိုက်မိသည်။

" ဦးဦးအံ့  … ဦးဦးအံ့ … သားကို အရုပ်ဝယ်ပေးနော် "

" ဟုတ်ကဲ့ဗျ သားသားက ဘာအရုပ်ယူမှာလဲ "

" အရုပ် အကြီးကြီးယူမှာ "

" ဟုတ်ကဲ့ပါဗျာ ခုဦးဦးအံ့က သားသားတွက် အရုပ်ဝယ်ပေးဖို့သွားနေတာ ဝယ်ပြီးလာခဲ့မယ်နော် "

" ဟုတ်ကဲ့ … ဦးဦးအံ့ ခဏ … မေမေက စကားပြောဦးမယ်တဲ့ "

" ဟုတ်ကဲ့ပါဗျာ "

" မောင်လေး အံ့မင်းရေ ……"

" ဗျာ အစ်မ "

" နင့်တူ ပူဆာတိုင်း လျှောက်ဝယ်ပေးမနေနဲ့။ အလကား အပိုကုန်တယ်။ ဒီကောင်လေးမှာ အရုပ်တွေအများကြီး ရှိရဲ့နဲ့ "

" အာ အစ်မရာ ကလေးပဲ။ တစ်နှစ်တစ်ခါ မွေးနေ့လေး ပျော်ပါစေဗျာ "

" အေး … နင့်တူကို နင်ကြပ်ကြပ် အလိုလိုက် "

" အစ်မကလည်းဗျာ …… ကလေးကို ပြောတော့မယ် "

" တူရီးနှစ်ယောက် လိုက်လည်းလိုက်တယ်နော်။ ပြောမနိုင်လည်း သဘောဟေ့။ ညနေလာရင် လင်းခန့်နဲ့ ဟိန်းမင်းကိုပါ ခေါ်ခဲ့ဦး "

" ဟုတ် အစ်မ ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် "

အစ်မဖြစ်သူနဲ့ဖုန်းပြောပြီး ကားပေါ်ကဆင်း၍ centerထဲဝင်လာလိုက်သည်။ နေမင်းခလေးက သူ့အတွက် တူလိုရော ညီလေးလိုပါ ခင်တွယ်ရသူလေးတစ်ဦးဖြစ်သည်။ နေမင်းခလေးကိုမွေးတုန်းက သူရဲ့အမေကို မွေးစားဖို့တောင် သူပြောခဲ့ဖူးသည်။တစ်ဦးတည်းသောသား အံ့မင်းသာတွင် ခင်တွယ်သည့်သူမှာ အတော်ရှားသည်။ကျောင်းပြီးသွားတော့ တိုက်ခန်းဝယ်ကာ သူငယ်ချင်းတွေနဲ့အတူနေပြီး တစ်ခါတစ်လေ မိဘတွေရဲ့လုပ်ကိုဝိုင်းကူပေးလေ့တော့ ရှိသည်။ ငွေကြေးပြည့်စုံသလို ရုပ်ရည်လေးလည်းရှိတာမို့  ပျိုမဒီများရဲ့ စိတ်ဝင်စားခြင်းလည်း ခံရသည်။ ဘာညာ ဘာညာလေးတွေတော့ ရှိပေမယ့် သူ့ရင်ခုန်သံတွေကို နိုးထစေသူတော့ မရှိသေးပေ။

တစ်ရံရောအခါ.....Nơi câu chuyện tồn tại. Hãy khám phá bây giờ