Part ( 42 )

941 36 5
                                    

လည်ကတုံးအဖြူ၊ ယောပုဆိုးအနက်ရောင်နှင့် လက်ဆယ်ဖြာအုပ်မိုးကာ ဘုရားဝတ်ပြုနေပါသော ကောင်လေးကိုငေးကြည့်ရင်း လင်းခန့်နိုင်စိတ်ထဲ အေးချမ်းရလေသည်။

အင်္ကျီသွားဝယ်သောနေ့က လည်ကတုံးအင်္ကျီအဖြူနှင့် ယောပုဆိုးအနက်သာ လိုချင်သည်ဆိုသော ချစ်သူအလိုကျ ဝယ်ပေးခဲ့ရသည်။ ဒါတင်မကသေး မိမိပါဝတ်ရမည်ဟုဆိုကာ ဟန်ကျေနပ်အောင် မိမိတွက်ပါ လည်ကတုံးအင်္ကျီအဖြူနှင့် ယောပုဆိုးအနက်တစ်စုံကို ဝယ်ခဲ့ရသည်။

မိမိနဲ့ ဘုရားတွင် စပြီးတွေ့တဲ့နေ့က ခရမ်းနုရောင်ရှပ်အင်္ကျီနှင့် ယောပုဆိုးအနက်ကိုသာ ဝတ်စေချင်သော်လည်း

" အစ်ကို့ကို ကျွန်တော် ပြန်တွေ့တုန်းက အင်္ကျီအဖြူလည်ကတုံးနဲ့ ယောပုဆိုးကိုဝတ်ထားတာ။ အစ်ကို့ပုံစံက ခန့်ခန့်နဲ့ချောချောကြီး။ အစ်ကိုနဲ့ ကျွန်တော်အဲ့လိုဝတ်ရင် ဘယ်သူပိုခန့်မလဲ သိချင်လို့ အဲ့တိုင်းပဲဝတ်ရအောင် "

ဆိုသောစကားကြောင့် ဟန့်ကို အချစ်တိုးရသည်။ ထိုသို့ပြောပြီးသည်နှင့် သူသိချင်လို့မေးသမျှကို မသိကျိုးကျွံ့ပြု၍ စကားလမ်းကြောင်းလွှဲသွားလေသည်။ မိမိက ဟန့်ကိုစတွေ့ခဲ့တာမဟုတ်ပေမယ့် မိမိကို ဟန့်ကစတွေ့ခဲ့သည်ဆိုသော အတွေးက သူ့အတွက် ပျော်မဆုံးပေ။ အစထဲကမှတ်မိနေရဲ့သားနဲ့ မိမိကိုအရူးလုပ်ခဲ့သော လူလည်လေးကို အချစ်တို့က တိုးပြီးရင်းတိုးနှင့် ချစ်မဝပေ။

ဘုရားကန်တော့နေသည်ကိုတွေ့မှ လင်းခန့်အကြည့်တို့လွှဲကာ နေလိုက်မိသည်။

" အစ်ကို ကန်တော့ပြီးပြီလား "

ဟန့်အမေးကို လင်းခန့်ခေါင်းညိတ်၍သာ ဖြေလိုက်သည်။

" ပြတိုက်ဘက် သွားရအောင် "

" အင်း "

ဘုရားဝတ်ပြုပြီးနောက် ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်နားရှိ ပြတိုက်သို့ နှစ်ဦးသားထွက်လာလိုက်ကြသည်။ ကံကောင်းတယ်လို့ဆိုမလား ပြတိုက်က ဖွင့်ထားသည်မို့ ပြတိုက်ထဲသို့ ဝင်ဖြစ်ခဲ့ကြသည်။

ပြတိုက်အဝင်နားက ကိန္နရီ၊ ကိန္နရာရုပ်ထုနှစ်ခုကိုကြည့်ကာ

တစ်ရံရောအခါ.....Where stories live. Discover now