Part ( 22 )

819 43 3
                                    

အစ်ကိုဟိန်းမင်းပေးသော သော့ကိုယူကာ အခန်းတွေဆီလျှောက်လာပြီး အစ်ကိုဟိန်းမင်းပြောသော အခန်းနံပါတ်ရှေ့ရောက်တော့ သော့ဖွင့်ကာ ဝင်လိုက်သည်။ ထို့နောက် တံခါးကိုပြန်ပိတ်လိုက်ကာ ကုတင်ဘက်သို့လျှောက်လာလိုက်ပြီး သော့ကို ကုတင်ဘေးက စားပွဲခုံသို့ပစ်တင်လိုက်ပြီး ကုတင်ပေါ်သို့ ကန့်လန့်ဖြတ် လှဲချလိုက်သည်။

မျက်နှာကျက်ကိုငေးမောရင်း မျက်ဝန်းထောင့်က စီးကျသွားသောမျက်ရည်တို့ကြောင့် ဟန်စစ် မျက်လုံးများမှိတ်လိုက်မိသည်။

တောင်းပန်ပါတယ် အစ်ကို။ ကျွန်တော် တကယ်တောင်းပန်ပါတယ်

ပထမ အစ်ကိုအံ့မင်းကို အထင်လွဲကာ ဒေါသစိတ်ကြောင့် မိမိစိတ်ထဲရှိတာ ပြောပစ်လိုက်မိသည်။ ပြောပြီးတော့မှ မှားသွားမှန်းသိပေမယ့် အချိန်တွေကလွန်ကုန်ပြီ။ ပြန်နောက်ဆုတ်လို့မရတော့ချေ။

စိတ်မကောင်းဖြစ်သွားသော အစ်ကို့ကိုတောင်းပန်ဖို့ သူလိုက်သွားခဲ့သည်။ အစ်ကို မိမိကို စိတ်ပျက်သွားမှာ၊ စိတ်ကုန်သွားမှာကို သူ တကယ်ပင် ကြောက်မိပါသည်။ တစ်ခြားသူတွေပေါ် နားလည်ပေးနိုင်ပေမယ့်လည်း အစ်ကိုနဲ့ပတ်သက်လာရင်တော့ ဆိုးသွမ်းချင်သောစိတ်၊ ဂျီကျချင်သောစိတ်ကိုတော့ သူနားမလည်နိုင်ပေ။

မိမိရဲ့အမှားကြောင့် ဘယ်ကစပြောရမှန်းမသိဖြစ်ကာ အစ်ကို့နားထိုင်နေရင်းမှ သူအားတင်းကာ စကားစလိုက်တော့

ကိုယ် တစ်ယောက်ထဲနေချင်တယ်

ဟူသော အေးတိအေးစက်စကားသံ။ သူ့ကို တကယ်ပဲ စိတ်ပျက်သွားပြီလား၊ စိတ်ကုန်သွားပြီလားလို့တွေးနေရင်း အတွေးထဲဝင်လာသော မျက်ဝန်းတစ်စုံ။ ထိုမျက်ဝန်းတွေရဲ့ပိုင်ရှင် အစ်မကို သူတကယ်ပင်ကြောက်သည်။

ထိုအစ်မကလည်း အစ်ကို့ကို ချစ်နေသည် မဟုတ်ပါလား။ သူမ မျက်ဝန်းတွေကနေတစ်ဆင့် အစ်ကို့ပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို သိနိုင်သည်။ သူမရဲ့မျက်ဝန်းတွေက အစ်ကို့ကို လက်လွတ်ခံမည်မဟုတ်ဟု မိမိကို ခြိမ်းခြောက်နေသလိုပင်။ ပြီးတော့ အစ်ကိုနဲ့လည်း အလုပ်တစ်ခုထဲက။

တစ်ရံရောအခါ.....Donde viven las historias. Descúbrelo ahora