Part ( 26 )

853 47 2
                                    

အခန်းထဲရောက်တော့ ဟန်ကို အိပ်ယာပေါ်အသာချပေးပြီးနောက် စောင်ခြုံပေးလိုက်ကာ သူရေချိုးခန်းသို့ ဝင်လာလိုက်သည်။ မျက်နှာသစ်၊ ခြေလက်ဆေးပြီးနောက် ပြန်ထွက်လာပြီး ကုတင်ပေါ်သို့အကြည့် အရောက်

ဟင် ဟန်ဘယ်ရောက်သွားပါလိမ့်။

ကုတင်ပေါ်တွင် ဟန်ရှိမနေပါ။ အပြင်များထွက်သွားတာလားဟု တွေးမိ၍ တံခါးဖွင့်လိုက်တော့

ချလောက်

အထဲဝင်တုန်းက သူတံခါးလော့ခ်ျချခဲ့သည့် အတိုင်းပင်မို့ အပြင်ထွက်သွားသည်တော့ မဖြစ်နိုင်ချေ။ ဒါဆို ဘယ်များရောက်သွားပါလိမ့်။ ကုတင်အောက်များပြုတ်ကျသွားသလား။ လင်းခန့်ကုတင်ရဲ့ တစ်ဖက်သို့လျှောက်လာ လိုက်တော့လည်း ဗလာနတ္ထိ။ လူမပြောနှင့် ဟန်ရဲ့အရိပ်အယောင်တောင်မတွေ့။

ကုတင်ဘေးဒူးထောက်လိုက်ကာ ကုတင်အောက်သို့ ခါးကိုင်း၍ ငုံ့ကြည့်လိုက်သည်။ မူးမူးနဲ့ ကုတင်အောက်ဝင်အိပ်နေမလားဆိုတာ ပြောမရချေ။ သို့သော် ရှင်းလင်းနေသော မြင်ကွင်းကြောင့် လင်းခန့်မျက်မှောင်ကြုတ်လိုက်မိသည်။

ကုတင်အောက်တွင်လည်းမရှိ၊ ကုတင်ပေါ်တွင်လည်းမရှိ၊ တံခါးကလည်းလော့ခ်ျချထားသည့် အတိုင်းဆိုတော့ အပြင်ထွက်သွားသည်လည်း မဟုတ်ပါဘဲ ထိုကလေးကဘယ်များရောက်သွားပါလိမ့်။ ကိုယ်ယောင်ဖျောက်ရအောင်လည်း မိမိချစ်သူက တရုတ်သိုင်းကားထဲက သိုင်းသမားမဟုတ်ချေ။ မူး၍အမြင်မှားသည်ဟု ဆိုရအောင်လည်း မိမိသောက်ထားသည်က သုံးခွက်ထဲသာမို့ သုံးခွက်ဆိုသော ထိုပမာဏက မိမိတွက် မဖြုံပေ။

ဟူးးး ……

ကုတင်ကိုမှီ၍ထိုင်ချလိုက်ပြီး စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုတ်ကာ ဖုန်းကိုထုတ်၍ ဟန်ဖုန်းဆီဆက်လိုက်သည်။ အကယ်၍ တံခါးကိုအရင်လော့ခ်ျချပြီးမှ တံခါးပိတ်ကာ အပြင်သို့ထွက်သွားသည်ဆိုလျှင်လည်း သူဖုန်းဆက်ရင်တော့ ဖုန်းကိုင်ပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ အပြင်မှာမှောက်နေသည်ဆိုလျှင်လည်း ဖြတ်သွားဖြတ်လာတစ်ဦးက ဖုန်းသံကြား၍ ပြန်ဖြေလျှင် ဟန်ရှိသည့်နေရာကို သူသိနိုင်သည် မဟုတ်ပါလား။

တစ်ရံရောအခါ.....Où les histoires vivent. Découvrez maintenant