Part ( 37 )

727 37 0
                                    

" မောင် ... ရရဲ့လား ... ပါးကိုထိသွားတာပဲ ... အဆင်ပြေရဲ့လား "

" Sorry ... သံစဉ် ... ကိုယ်တစ်ယောက်ထဲနေပါရစေ။ မင်းပြန်လိုက်တော့ ကိုယ်လိုက်မပို့တော့ဘူး "

လက်မောင်းကိုဆုပ်ကိုင်ထားသော မိမိလက်ကိုဆွဲဖြုတ်ကာ ပြောချင်တာပြောပြီးထွက်သွားသောသူကြောင့် ခေါင်းငုံ့၍နှုတ်ဆိတ်နေမိသည်။

မောင့်အတွက် သူမက တစ်စိတ်တစ်ဒေသလောက်တောင်မှ အရေးပါအရာမရောက်တဲ့သူလား ... အပြစ်မတင်ရက်ပါဘူးလေ ... ဒါတွေအားလုံးက သူမကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ အကျိုးဆက်တွေပဲ။ ချစ်တာမို့ ... ချစ်တာကြောင့် မောင်က သူမတွက် အဆိပ်ပြင်းတဲ့ဆူးဆိုရင်တောင် အဆုံးသတ်ထိဆုပ်ကိုင်ထားပါရစေ။ နာကျင်သလောက်နာကျင်ပါစေ ... မောင့်ကိုတော့ လက်မလွှတ်ပါရစေနဲ့။

ထွက်သွားသောကောင်လေးကတော့ သူမ မည်သို့မည်ပုံကျန်ခဲ့မည်ကို သိသော်လည်း ပြန်လှည့်မလာသလို၊ လှည့်လည်းမကြည့်ခဲ့ပေ။

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ဆုတ်ဖို့ ကြိုးစားရင်း ... ကိုယ်ရှေ့တိုးမိ ... မေ့ပျောက်ဖို့ အားထုတ်မှ ... သတိကရနေပြန်မိ ...

ကန်ဘောင်တွင်မိမိထိုင်နေသောနေရာနှင့် မကွာမဝေးတွင် အုပ်စုဖွဲ့ကာ ဂီတာတစ်လုံးနှင့် သီချင်းဆိုနေကြသော ကောင်လေးတွေရဲ့ သီချင်းစာသားက လင်းခန့်ရဲ့အဖြစ်ကို လှောင်ပြောင်နေသယောင်။

ညနေလောက်ထဲက သူဒီမှာထိုင်နေတာခုဆို ညရောက်လို့အချိန်ပင် အတော်ကြာမြင့်နေပြီ။ အနားတွင်ပျံ့ကျဲနေသော ဘီယာဘူးခွံတို့မှာလည်း အရေအတွက်မနည်းတော့ချေ။ သောက်လေသောက်လေ မူးလာလေ၍ လူတစ်ဦးအားမေ့ပျောက်နိုင်မလား တွေးဆကာ သောက်နေမိသော်လည်း ထိုသူကတော့ မိမိစိတ်ထဲကနေမထွက်သွားချေ။

ညနေက ကော်ဖီဆိုင်တွင် သံစဉ်ကိုတစ်ယောက်ထဲ ထားချင်သလိုထားခဲ့သည်မှာ မိမိဘက်ကမှားသည်ကို သိသော်လည်း သူမကို ဂရုမစိုက်ချင်တော့ပေ။ ဟန့်ကိုမေ့ပျောက်လို မေ့ပျောက်ငြား သူမကို အသုံးချမိခဲ့သော်လည်း ဟန်ကတော့ မိမိရဲ့နှလုံးသားထဲကသာမက စိတ်ထဲကတောင် ထွက်မသွားခဲ့ချေ။ ပြီးတော့ သူစိတ်ကိုသူသေချာသိပြီးတဲ့နောက်မှာတော့ ဒီဇာတ်လမ်းကို အဆုံးသတ်လိုက်ချင်ပြီ။ သူ့ဘက်ကမကောင်းခဲ့မှန်းသိပေမယ့်လည်း တစ်ဖက်လူကို ဒီထက်ပို၍လည်း စိတ်မညစ်စေချင်တော့ပေ။

တစ်ရံရောအခါ.....Where stories live. Discover now