Part ( 19 )

837 48 4
                                    

" ကျိုက်ထီးဆောင်းစေတီက မြတ်စွာဘုရားရဲ့ သွားတော်ဓာတ်ကို ဌာပနာထားတဲ့ စေတီ ၃၃ဆူထဲက တစ်ဆူလေ။ ပြီးတော့ ကျိုက်ထီးဆောင်းစေတီရဲ့ ထူးခြားချက်က ဂဝံကျောက်တွေနဲ့တည်ထားတာ။ ဂဝံမြေစေးတွေက မီးဖုတ်စရာမလိုဘဲ လေနဲ့ထိတွေ့တာ ကြာလာရင် ကျောက်သားလိုမာကျောသွားတာ။ အဲ့တာကြောင့် ဂဝံကျောက်တွေက်ု မီးမဖုတ်ကျောက်လို့လဲခေါ်တယ်။ မွန်ပြည်နယ်မှာက ဂဝံယဉ်ကျေးမှုအရမ်းထွန်းကားလို့ ' ဂဝံကျောက်တို့ပျော်စံရာ မွန်တို့ဋ္ဌာနေ ရာမမြေတဲ့ ' ဆိုတဲ့ဆိုရိုးစကားတစ်ခုတောင်ရှိသေးတယ်။ "

" ဟုတ်တယ်။ ပြီးတော့ အဲ့စေတီနားမှာ ကျိုက်ထီးဆောင်းဆရာတော် အဓိဋ္ဌာန်ဝင်ပြီး တည်ထားတဲ့ ပုဂံပြည်က အာနန္ဒဘုရားနဲ့ ပုံစံတူဘုရားငယ်လေးလည်းရှိတယ်။ နောက်ကြာသပတေးထောင့်မှာလည်း လေးမျက်နှာဘုရားဆင်းတုတော် သုံးခုရှိတယ်တဲ့။ အဲ့သုံးခုရဲ့အလည်က ရှေးဟောင်းလက်ရာတဲ့ ဘေးကနှစ်ခုကတော့ နောက်မှဆရာတော်က ထပ်တည်လိုက်တာတဲ့။ ပြီးတော့ နတ်ဝိဇ္ဇာဇော်ဂျီရဲ့ ကျိုက်ထီးရိုးကိုသွားတဲ့ သော့ပေါက်ပုံစံ မြေအောက်ဂူလည်းရှိတယ်တဲ့။ နောက်ပိုင်း လူတွေရဲ့ စည်းကမ်းမဲ့မှုတွေ၊ ပရမ်းပတာပြောဆိုမှုတွေကြောင့် ဆရာတော်က သော့ပေါက်ကို သံပန်းခတ်ထားလိုက်တယ်။ ကျွန်တော်ကြားဖူးတာတော့ သော့ပေါက်ကနေသွားရင် ရသေ့တောင်ကိုရောက်တယ်တဲ့ "

" ကျိုက်ထီးဆောင်းကနေ အနောက်တောင်ဘက်ကို ဆက်သွားရင် ဆင်တပ်မြင်းတပ်ကိုရောက်တယ်။ သုဝဏ္ဏဘူမိနန်းမြို့ရိုးဟောင်းလေ။ ခုတော့ သဘာဝပတ်ဝန်းကျင်ရဲ့ မိုးဒဏ်၊ရေဒဏ်တွေကြောင့် အနည်းငယ် ပျက်စီးနေပြီလို့ပြောကြတယ်။ "

ကားပေါ်တွင် တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှကာ ကျိုက်ထီးဆောင်းစေတီအကြောင်း တစ်ချို့တစ်ဝက်ကို ပြောပြနေသော ဟန်စစ်နဲ့ ခန့်ကျော်စကားကို မိမိတို့သူငယ်ချင်းသုံးယောက် စိတ်ဝင်တစားနားထောင်နေမိသည်။ အံ့မင်းသာမောင်းလာသောကားလေးက ကျိုက်ထီးဆောင်းစေတီ အဝင်မုဒ်နားတွင်ကပ်ရပ်ကာ စေတီသို့ လျှောက်လာခဲ့ကြသည်။

ဂဝံကျောက်အနီများသာ ပြည့်နှက်နေသောဝန်းကျင်က အနည်းငယ်အနီရောင်သန်းနေသော မြေမှုန့်တို့နဲ့ ပနံသင့်နေသည်။ စေတီပတ်ပတ်လည်တွင် စိုက်ပျိုးထားသော အပင်ကြီး၊အပင်ငယ်တို့ကြောင့် သစ်ပင်ပန်းပင်တို့ရဲ့ အေးချမ်းမှုကိုခံစားရစေသည်။ ဟန်စစ်တို့ပြောသကဲ့သို့ပင် အာနန္ဒဘုရားရဲ့ပုံစံတူ စေတီငယ်လေးကို စေတီရဲ့ဘေးနားလေးတွင် သူတို့ဖူးမျှော်ခဲ့ရသည်။ တောင်ကုန်းလိုမဟုတ်ဘဲ မြေပြန့်တွင်သာ သော့ပုံစံဂူပေါက်ကြောင့် နတ်ဝိဇ္ဇာဇော်ဂျီ ဘယ်လိုများဝင်သလဲလို့ အံ့မင်းတွေးမိသေးသည်။

တစ်ရံရောအခါ.....Where stories live. Discover now