Part ( 3 )

2.6K 110 5
                                    

ဟန်စစ် TVကြည့်နေရင်းမှ နံရံကပ်နာရီကို လှမ်းကြည့်လိုက်တော့ ၉နာရီထိုးနေပြီ။

" ဒီည ကိုးနာရီ အစ်ကို လိုင်းတက်ခဲ့မယ်နော် ဟန် "

ညနေက အစ်ကိုမှာလိုက်သော စကားကြောင့် TV ကြည့်နေရင်းမှ

" မေမေ သားအိပ်တော့မယ် "

ဟန်စစ် ပြောရင်း TV ကြည့်နေသော အမေ့ပါးအား နမ်းလိုက်၏

" အေးသားငယ် အိပ်တော့ ဖုန်းသုံးတာလဲ ညမနက်စေနဲ့ မနက် အလုပ်သွားရဦးမယ် မဟုတ်လား "

မေမေ့ စကားကြောင့် ဟန်စစ် မျက်နှာကို အချိုသာဆုံးပြုံးပြရင်း

" ဟီး … ဟုတ်ကဲ့  အမေ … မမ … သားအိပ်ပြီနော် "

" အေး … မောင်လေး "

ဟန်စစ် အမေနဲ့အစ်မကို နှုတ်ဆက်ပြီး အခန်းထဲ ဝင်လာခဲ့လိုက်၏။ အိပ်ယာခင်း၊ ခြင်ထောင် ထောင်ပြီးနောက် အားသွင်းထားသော ဖုန်းကိုဖြုတ်၍ အိပ်ယာပေါ် လှဲအိပ်လိုက်ပြီး လိုင်းဖွင့်လိုက်သည်။

" အစ်ကို မအိပ်သေးဘူးလား "

လင်းခန့်တစ်ယောက် လိုင်းသုံးနေရင်း ဟန့်ဆီမှ ဝင်လာသော မက်ဆေ့ခ်ျကြောင့် နှုတ်ခမ်းများ ကွေးညွှတ်သည်အထိ ပြုံးမိလေသည်။

" imm ဟန်နဲ့ စကားပြောမို့ စောင့်နေတာ "

" ဟုတ် ပြော အစ်ကို ဘာပြောမို့ "

" ဒီနေ့ အစ်ကိုနဲ့ လျှောက်လည်ရတာ ပျော်ရဲ့လား "

" ပျော်ပါတယ် အစ်ကိုရ ဒါနဲ့ အစ်ကိုက ဓာတ်ပုံထဲမှာ ထက် အပြင်မှာ ပိုကြည့်ကောင်းတယ်နော် လုံးဝ handsome "

ချစ်ရသောသူက မိမိအား handsome လို့ ပြောလာတော့ လင်းခန့်တို့များ ပျော်လိုက်သည့်ဖြစ်ခြင်း။ နောက်များဆို ရုပ်ရည်ကအစ ဂရုစိုက်ရတော့မည်။ ဟန့်အချစ်ကိုရဖို့ ရုပ်ရည်နဲ့ မြူစွယ်သင့်ရင် မြူစွယ်ရမယ်လေ

" ဟားးး ဟန်ကတော့ မြှောက်ပြီ ဟန်လည်း ဓာတ်ပုံထဲကထက် ပိုချစ်ဖို့ကောင်းပါတယ်ကွာ "

အစ်ကိုရဲ့ ပြန်စာကြောင့် ဟန်စစ် နှာခေါင်းရှုံ မိလေသည်။

တစ်ရံရောအခါ.....Where stories live. Discover now