Part ( 14 )

1K 50 4
                                    

" အန်တီ ပဲပြားအစာသွပ် တစ်ပွဲ "

" အေး သား ခဏလေးနော် "

ခဏလေးနော်ဆိုသည့် ထိုအန်တီရဲ့စကားက တော်တော်နှင့် မိမိအလှည့်ရောက်မလာ။ လက်ဖက်သုပ်၊ ပဲပြားသုပ်နှင့် ပဲပြားအစာသွပ်လောက်သာ ရောင်းပေမယ့် ကျောင်းသားတွေပေါ်ထားတဲ့ ရောင်းသူအန်တီကြီးရဲ့ စေတနာကြောင့် အစားအစာတို့က အရသာရှိသည့်အပြင် ဈေးနှုန်းလည်း သက်သာတာမို့ ကျောင်းဆင်းချိန်ဆို ထိုဆိုင်လေးက လူမပျက်ပေ။ တော်တော်လေးကြာမှ မိမိမှာထားသည့် ပဲပြားအစာသွပ်ရတာမို့ ကျသင့်ငွေရှင်းကာ ဟန်စစ်တို့ဆီ ထွက်လာခဲ့လိုက်သည်။

ညောင်နီဆိုင်ပေါက်ဝနားက စားပွဲဝိုင်းတွင် မီးနူးကဒ်ကို ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသော သူငယ်ချင်းဖြစ်သူနှင့် အစ်ကိုလင်းခန့်ကို တွေ့တာကြောင့် ဝင်လာလိုက်ပြီး ဟန်စစ်နဲ့ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ အဆင်သင့်ရှိနေသော အချိုရည်ခွက်ကို မော့သောက်လိုက်ပြီး မိမိကိုကြည့်နေသော သူငယ်ချင်းကို ကြည့်၍

" အားး အမောကိုပြေသွားတာပဲ။ ကျေးဇူးပဲ သူငယ်ချင်းရာ ကြိုမှာထားပေးလို့ "

" ဖောင်း "

စကားအဆုံး မီနူးကဒ်နဲ့ ရိုက်ခံလိုက်ရတဲ့အသံက ထွက်ပေါ်လာလေသည်။

ဂါးးးး ဒီကောင် တကယ်လွန်နေပြီ

" ဟျောင့် မင်းကို ကျေးဇူးတင်တယ် ပြောတာကို ငါ့ ဘာလို့ ရိုက်တာလဲကွ "

" အဲ့တာ မင်းတွက် မှာထားတာ မဟုတ်ဘူး။ အစ်ကိုအံ့မင်းခွက် "

" ဘယ်က အစ်ကိုအံ့မင်းလဲ "

စိတ်တိုတိုနဲ့ ခန့်ကျော် ဘုတောတောပစ်လိုက်သည်။ အစ်ကိုလင်းခန့်ကတော့ မိမိတို့နှစ်ယောက်ကိုကြည့်၍ ရယ်နေလေသည်။

" အစ်ကို့သူငယ်ချင်း။ ညီလေး အစ်ကိုကို့ ပသျှူးထမင်းကြော်နဲ့ နို့သစ်ခွတစ်ခွက်ပေး။မင်းစားချင်တာမှာ ရော့ကဒ်။ ဒါနဲ့ အစ်ကိုရော ဘာစားပြီးပြီလဲ။ "

သူငယ်ချင်းဖြစ်သူ အမေးကိုဖြေကာ မှာစရာရှိတာမှာ၍ မိမိဘက်ကိုလှည့်ကာမေးလာသော ချစ်သူလေးကြောင့် ရယ်နေတာကို အသောသတ်လိုက်ပြီး ခေါင်းခါပြလိုက်၍
" မစားရသေးဘူး ဟန်။ ညီလေး အစ်ကို့ကိုပါ ပသျှူးတစ်ပွဲ "

တစ်ရံရောအခါ.....Where stories live. Discover now