The End

3.7K 89 6
                                    

ခွမ်း !

တိတ်ဆိတ်နေသော အခန်းလေးတွင်း ဟန်စစ်ရဲ့လက်ကခွက်နှင့် စားပွဲခုံရဲ့ရိုက်ခတ်သံက ကျယ်လောင်စွာထွက်ပေါ်လာလေသည်။

" ဟန် ! "

" ဟန်စစ် ! "

လင်းခန့်နှင့် ခန့်ကျော်တို့ရဲ့ စိတ်ပူသံကပါ သံပြိုင်ထွက်ပေါ်လာသည်။ ကျန်သောသူများမှာတော့ အဖြစ်အပျက်များကို မတွေးနိုင်တော့ဘဲ မှင်သက်စွာ ငေးကြည့်နေမိသည်။

ထိန်းချုပ်ထားရသော ဒေါသတို့ကို လက်ထဲကအရက်ခွက်ကိုသာ ပုံချလိုက်ရင်း စားပွဲခုံပေါ်ဆောင့်ချလိုက်မိသည်။ ခွက်ကွဲသံနှင့်အတူ နေရာအနှံဖန်ကွဲစအချို့ လွင့်စင်သွားပြီး လက်ကိုထိုးစိုက်နေသော ဖန်ကွဲစကြောင့် ဟန်စစ်လက်မှသွေးစက်တို့က ဖန်ကွဲစကိုဖြတ်၍ စားပွဲပေါ်သို့ကျဆင်းနေလေသည်။

ဟန်စစ်ရဲ့လက်ကိုကြည့်ပြီး စိတ်ပူလွန်းသောလင်းခန့်မှာတော့ ထိုင်နေရာမှ ဟန်စစ်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ လက်ကိုဆွဲယူ၍ ကြည့်လိုက်မိသည်။ ဒူးခေါင်းနှင့်ဖိမိထားသော ဖန်ကွဲစတို့ကိုတော့ သတိမမူမိချေ။

" ဟန် ... ဘာလို့ ဒီလို လုပ်ရတာလဲ ... ဘာလို့လဲ "

ဂရုဏာဒေါသနှင့် အော်လိုက်သော လင်းခန့်ကို ဟန်စစ်ပြန်ကြည့်လာကာ လင်းခန့်ဆွဲကိုင်ထားသော လက်ကိုဆောင့်ရုန်းလိုက်ပြီး ထိုလက်ဖြင့်ပင်

ခွပ် !

ဟန်စစ်ရဲ့လက်ချက်ကြောင့် လင်းခန့်ခေါင်းတစ်ဖက်သို့ လည်ထွက်သွားရသည်။ နှုတ်ခမ်း၌ကျဆင်းလာသော သွေးတို့ကို သတိမမူအားပေ။ မိမိကိုထိုးလိုက်သော ဟန်စစ်လက် နာကျင်မှုကိုသာ စိတ်ထဲတွင်ကြီးစိုးလို့နေသည်။

" ထိုင်နေ ... မင်း ငါ့ကို စိတ်တိုရင် နောက်မှ မင်းကျေနပ်တဲ့အထိထိုး။ ခုလောလောဆယ် မင်းရဲ့လက်ကို ဆေးထည့်ပေးမယ်။ အဲ့နားက လုံးဝမလှုပ်နဲ့။ ခြေထောက်အပေါ်တင်ထား။ ဖန်ကွဲစတွေရှမိမယ် "

ခြေထောက်တို့ကို ဆိုဖာပေါ်တင်ပေးလိုက်ရင်း တစ်ဆက်တည်း မှာတမ်းချွေနေမိသည်။

ဟန့်ကို နည်းနည်းလေးမှ သူထိခိုက်စေလိုသော ဆန္ဒမရှိပေ။

" ဟိန်းမင်း ... ငါ့ကို ပတ်တီး၊ အရက်ပြန်နဲ့ ဆေးဗူး သွားယူပေးပါလား "

တစ်ရံရောအခါ.....Unde poveștirile trăiesc. Descoperă acum