💚Seon Saeng Nim💚

580 39 7
                                        

Episode💚Eight
Markbam🐊🐍

Zawgyi :::

hyung ထွက်​သွားသည့်​နောက်
အခန်းတံခါးအား ​လော့​သေချာချကာ
ပိတ်​လိုက်​ပြီး​နောက်​...

သူနဲ့ ကိုယ်​ နှစ်​ဦးတည်းသာရှိ​တော့သည်
ဆို​သော အ​တွေးက
ကျ​တော့်​ကို ​ခြောက်​ခြား​စေသည်​။

ကျ​တော့်​အတွက်​ သူအသက်​ရှင်​ဖို့ရာ
အလွန်​ အ​ရေးပါသည်​မို့ ..

တခြား မပိုလာနိုင်​​သော မပို​စေချင်​​သော
စိတ်​ခံစားမှုများကို ဒီမှာတင်
လက်​စသတ်​ပြစ်​လိုက်​ကာ
ခန္ဓာကိုယ်​ အ​ပေါ်ပိုင်းအား ဗလာကျင်း​စေ
သည်​။

ပြီး​နောက်​ သူလှဲ​လျောင်းရာကုတင်
ဘေးတွင်​  ​နေရာယူလိုက်​သည်​။
အစပထမက ကျ​တော်​ကိုယ်​တိုင်​ လဲဝတ်​​ပေးခဲ့​သော အ​နွေးထည်​ထူနဲ့ အကျီများကို
ဆွဲချွတ်​​ပေးခြင်းဖြင့်
သူ့ခန္ဓာကိုယ်​ တစ်​ခုလုံးအား အ၀တ်​မဲ့​စေသည်​။

မည်​သို့ပင်​ ​ယောက်ျားအချင်းချင်းဆိုပါ​သော်​လည်း
အ၀တ်​မပါသည့်​ ကိုယ်​ခန္ဓာအား
ရင်​ဆိုင်​ဖို့  သတ္တိမရှိ။
မျက်​နှာပူစွာပင်​ အကြည့်​လွှဲထားမိသည်​။

ကုတင်​​ခြေရင်းမှ ပုံကျ​နေ​သော
ဝါဂွမ်း​စောင်​ထူထူအား
bambamကို​ကျော​ပေးလျက်​ပင်
ဆွဲယူကာ လွှမ်းခြုံ​ ​ပေးလိုက်​၏။

ပြီး​နောက်​ သူ့ အောက်​ပိုင်းတစ်​​လျှောက်
အ၀တ်​များကို ဖယ်​ရှားပြီးသည်​​နောက်
စောင်​ထူကြားထဲ သူပါတိုးဝင်​ကာ လှဲ​လျောင်း
လိုက်​သည်​။

bambam လက်​​ချောင်း သွယ်​သွယ်​​လေးများကို သူ့လက်​​ချောင်း ​တွေနဲ့
တွယ်​ယှက်​ကာ တင်းတင်းဆုပ်​ကိုင်​လိုက်​ပြီး
ကျန်​လက်​တစ်​ဖက်​ကို ခါးမှ ​ပွေ့ယူကာ ဖက်​ထား​ပေးသည်​။

ဝါဂွမ်း​စောင်​ထူထူကြီးအား ရင်​ဘက်​ထိဆွဲခြုံ ထားခြင်းဖြင့်
နှစ်​​ယောက်​လုံး ​ဆောင်​ပုံကြားမြုပ်​​နေ​တော့သည်​။

bam ခန္ဓာကိုယ်​အား သူနဲ့ အနီးစပ်​ဆုံးသို့ဆွဲယူ​စေပြီး
ကိုယ်​​ငွေ့ ​ပေးခြင်းအ​နေဖြင့်
တင်းတင်းကျပ်​ကျပ်​​လေး ပွေ့ဖက်​ထားသည်​။
ထိုအခါ ရင်​နှစ်​မွှာက ထိယှက်​ကာ
စည်းချက်​ညီစွာ တုန်​ခါ​နေ​တော့သည်​။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now