💚Seon Saeng Nim💚

730 32 30
                                        

Episode💚Fifteen
Markbam🐊🐍

Zawgyi :::

"ကျတော် ခင်များကို ချစ်နေမိပြီလား မသိဖူး..?"

လိင်တူအချင်းချင်းကြား အချစ်တစ်ခု မဖြစ်လာနိုင်ဟု တွေးထင်နေသူ....
မိမိကို မချ စ်ပါဖူးဟု ယတိပြတ် ငြင်းထားသူ..

ထိုသူကို စိတ်ငြိုငြင်အောင် လုပ်ထားမိတဲ့မိမိအား စိတ်ဆိုးမာန်ဆိုးဖြစ်ကာ
ခုနကတင် တစ်နေရာကို ထွက်သွားတော့မည်ပုံစံနဲ့သူက
စိတ်ဆိုးသည်လဲမဟုတ် တောင်းပန်သည်လဲမဟုတ်ပဲ
ပထမဆုံးထွက်ကျလာတဲ့စကားဟာ
ဝန်ခံမှုတဲ့လား...??

အနည်းငယ် ကြောင်အနေပေမယ့်
ငိုသံတွေစွတ်ကာ မပီမပြင် ပြောနေခြင်းဖြစ်တောင်  mark သေသေချာချာကြားလိုက်ရပါသည်။

သူ့ခါးပေါ်မှ လက်တွေကို အုပ်ကိုင်ကာ လှည့်ကြည့်ရန်ဟန်ပြင်တော့
ပိုမို တင်းကျပ်နေအောင် ဖက်ထားပြီး
ရှိုက်သံတွေထွက်နေရင်းပင် စကားထပ်ဆက်လာသည်။

"*sobb*နောက်တစ်ခါ ကျတော့်ကို မအော်ပါနဲ့....
ခင်များကြီး အဲ့လိုအော်ရင် ကျတော်ကြောက်တယ်...**sobb** "

"တောင်းပန်ပါတယ်ကွာ..."

bambamနဲ့မျက်နှာချင်းဆိုင်သို့ လှည့်လာပြီး ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းများကို သုတ်ပေးသည်။

"ဟင့် အဲ့ဒေါသတွေကို ကြောက်နေတာပဲ သိတယ်..."

ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ခါးတွေကို တင်းနေအောင် ဖက်ထားခြင်းက
ဘယ်လောက်တောင် ကြောက်လန့်ခဲ့သည်ကို
Mark သေသေချာချာ သိလိုက်ပြီ။

"မင်းကို အရမ်းစိတ်ပူနေတာမို့်...
တစ်ခုခုထပ်ဖြစ်မှာကို ကြောက်နေတာမို့...
မင်းကို မထိခိုက်စေချင်တာမို့...

အဲ့တာတွေကြောင့်ဆိုတာကို နားလည်ပေးပါကွာ...."

ရင်ခွင်ထဲမှ ကောင်လေးငယ်ကို ပခုံးနှစ်ဖက်ကနေ ဆွဲယူစေကာ မျက်နှာချင်းဆိုင်သို့မူပြီး
မျက်လုံးအစုံကို သေချာစွာ ကြည့်ကာ
ကြောက်လန့် ဝမ်းနည်းစေခဲ့သည့် အကြောင်းအရင်းကို
လေးလေးနက်နက် ဝန်ခံမိတော့....

💚 Seon Saeng Nim 💚 [Z+U COMPLETED]Место, где живут истории. Откройте их для себя