Episode💚Eighteen
Markbam🐊🐍
Zawgyi :::
At Jelju Folk Village Museum
(제주민속촌)
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
နှစ်ယောက်အတူတူ ထမင်းစားကြလို့အပြီး ရွာထဲ လျှောက်လည်ကျတဲ့ထိ bambam ဟာ သူကြိုက်တဲ့ ပင်လယ်စာကို မစားခဲ့ရလို့ ကောက်နေတုန်း။
လက်တွဲပြီးသာ လျှောက်လာရတာ သင်းလေးက ဘာစကားတစ်ခွန်းမှမပြော။
မူပိုင် နှုတ်ခမ်းထော်ခြင်းအနုပညာအတိုင်း
ထော်မြဲ ထော်နေဆဲ။
"Hakhak..! ...."
"ဘာရီတာလဲ...?😡"
"ချစ်လို့..."
"...😐..."
"ကဲပါ တော်ပါတော့ စိတ်ဆိုးမယ် စိတ်ကောက်မယ် ဆိုတာချည်းပဲ....
ကမ်းခြေရောက်ရင်တော့ မင်းစားချင်တဲ့ ပင်လယ်စာကို အဝကျွေးပါ့မယ်...
ဒီမှာက ပင်လယ်နဲ့ မနီးတော့ သိပ်မကောင်းဖူး လတ်လဲ မလတ်ဆတ်ဖူး ...
မင်းဗိုက်ထပ်အောင့်မှာဆိုးလို့ပါ ကလေးရယ်
နော်...လိမ္မာတယ်...နက်ဖြန်ဆို ကမ်းခြေသွားရတော့မှာဟာ...အဲ့ကျမှ အဝစားနော် ....
ဘေဘီဘမ်းက လိမ္မာတယ်နော်..."
အချက်ကျကျ ရှင်းပြလိုက်တော့လည်း
သူ့အတွက်ပြောနေမှန်း သိသွားတဲ့ ကလေးလေးက ပီးရောဆိုကာ ပခုံးပေါ် သူ့ခေါင်းလေးမှီတင်လာပြီး ငြိမ်ကျသွားပြီ။
ပြောသားပဲ ဘေဘီဘမ်းက လိမ္မာပါတယ်ဆို!
ဟိုဟို ဒီဒီ လူသူရှုပ်ယှက်ခတ်နေတဲ့ ရွာထဲ အကောင်ငယ်လက်တစ်ဖက်ကို ကျစ်ကျစ်ပါအောင် တွဲထားရင်း လျှောက်လည်ပတ်သည်။
ရွာထဲရှိ အိမ်ခြေ ဈေးဆိုင်တွေအားလုံးဟာ
ယခင် ၁၉ရာစု ဂျယ်ဂျူ ကျွန်းရဲ့ ဟန်ဂု(ကိုရီးယား)လူမျိုးတွေက ကျွန်းရဲ့ အပေါများဆုံး မီးတောင်ကျောက်တွေနဲ့ ရွံတွေပေါင်းစပ်ကာ
ကောက်ရိုးမိုးအိမ်ပုံသဏ္ဍန် တွေချည်းနဲ့သာ တည်ဆောက်ထားကြသည်။
YOU ARE READING
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Fanfictionmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)