Episode💚Twenty-Eight
Markbam🐰🐍
Zawgyi :::
နေကြာပန်းပွင့်ဖူးတွေအကြား ပိတုန်းဆံသားရှည်တွေ ဝဲခါအောင် ပြေးလွှားနေသူ မိန်းမပျို လေးတစ်ဦး။ထိုမိန်းမပျို လေးသည် သူမမြတ်နိုးသည့် နာမ်စားတစ်ခုကို ဆွဲဆွဲငင်ငင်ခေါ်ကာ သူမဆီ လှမ်းလာဖို့ရာ လက်ကမ်းကြို လင့်လို့နေသည်။
"Tuan လေးရေ.....Tuan...Tuan...."
သူမနောက်သို့ တကောက်ကောက်လိုက်ပါလာသည့်ကောင်လေး။ သူမက ရှေ့ကနေ ဂါဝန်ဖြူ လေးလွှားကနဲနေအောင်ပြေးပြီး သူမဆီ တိုးလှမ်းလာဖို့ရန် ကျီစယ်နေပြန်သည်။
"Tuan...Tuan....Tuan...."
ယခုလေးပင် မျက်စိရှေ့တွင် ပြေးလွှားနေသူ မိန်းကလေးဟာ သူ့အနားကနေ ရုတ်တရက် ပျောက်ကွယ်လို့သွားသည်။
"Noona...! "
"Tuan... Tuanလေး....."
တစ်ဖန် tuan ရှေ့ ပြန်ပေါ်လာသည့် မိန်းကလေးဟာ တဖြည်းဖြည်းပျောက်ကွယ်တော့မည့် အသွင်နဲ့ မှေးမှိန်လာသည်။
"Noona...Noona...!"
"Tuan...ကယ်ပါ...tuan ငါ့ကို ကယ်ပါအုံး..."
ထိုအသံကိုသာ သူနားထဲ ထပ်ထပ်ခါခါ ကြားယောင်နေပြီး သူမကိုတော့မတွေ့တော့ပါ။
"Noona...nonna နင်ဘယ်မှာလဲ..? Noona နင်..."
"Tuan...ငါ့ကို ကယ်...ကယ်...ကယ်..ပါ...."
သွေးနီတွေတစ်ကိုယ်လုံးစိုရွှဲကာ ဘွားခနဲ ပေါ်လာသည့် သူမ။တစ်ဖန် ပြန်ပျောက်ကွယ်သွားပြန်သည်။
"NOONA!! Noona... နင်ဘယ်မှာလဲ..? နင်ဘယ်...noona......NOONA!!! "
အိပ်မက်ဆိုသည့် အရာကနေ လန့်နိုးကာ ငေါက်ကနဲ ထထိုင်သည့် mark tuan။ အလွန်မောဟိုက်နေသည့်အတွက် အသက်ရှုသံတွေကအစ ပြင်းထန်နေပြီး ချွေးသီးချွေးပေါက်များစွာက နဖူးကတစ်လျှောက် ခန္ဓာကိုယ်တွင်း နေရာစုံမှ စိမ့်ထွက်လို့နေသည်။
နံဘေးမှာတော့ ကောင်းစွာ အိပ်မောကျနေသော စောင်ဖြူ အောက်က အဝတ်မပါသည့် ကောင်လေးဟာ သူ့ကို ကျောပေးကာ လှောင်ပြောင်နေသယောင်။
သူ့ကိုယ်၌ ခြုံထားသော စောင်ကို mark ဆွဲခါပစ်ကာ ရေချိုးခန်းသို့ ဦးတည်သွားလိုက်သည်။ရေအေးတွေဖြို င်းဖြိုင်းကျနေသည့် ရေပန်းအောက်မှာ ခေါင်းငိုက်စိုက်ကျလျက်သားနဲ့ သူဟာ တစ်ကမ္ဘာလုံးက ဥပေက္ခာ ပြုခံရသည့် လူသားတစ်ဦးလို ပူလောင်နာကျင်နေရသည်။
ВЫ ЧИТАЕТЕ
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Фанфикшнmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)