💚Seon Saeng Nim💚

641 32 34
                                        

Episode💚Twenty-Two
Markbam🐰🐍

Zawgyi :::

ငိုထားလွန်းလို့ ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်နေပြီဖြစ်သော ကလေးငယ်ကို သူမနိုးရက်ခဲ့။တခြားနေရာဆို စိတ်မချ ဖြစ်ရသည်မို့ မိမိအခန်းသို့သာ ခေါ်လာဖြစ်ခဲ့သည်။ပခုံးပေါ် အိပ်လျက်ပါလာသော အနှီးထုပ်ကလေးကို ကုတင်ပေါ်သို့ ဖြည်းဖြည်းချင်းချပေးလိုက်တော့ တစ်ဘက်သို့စောင်းလှည့်ကာ ကွေးကွေးလေးခွေနေသေးသည်။နိုးတော့ မနိုးလာသေး။

မျက်လုံးအိမ်ထဲတွဲလွဲခိုနေသော မျက်ရည်ဥတွေကို လက်မလေးနဲ့ ခပ်ဖွဖွဖယ်ထုတ်လိုက်ပြီးနောက် အိပ်ပျော်နေပါသော်လည်း ချစ်စရာကောင်းလွန်းနေသည့် ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို မွှေးကြူလိုက်ပြီးနောက် စောင်တွေသေချာစွာခြုံထားပေးလိုက်သည်။

Knock! Knock! Knock!

အဆက်မပြတ် တံခါးလာခေါက်နေသူကြောင့် ကလေးငယ် လန့်မနိုးခင် မြန်မြန်သွားဖွင့်ဖို့ လုပ်ရသည်။

ဘယ်သူက လူအိပ်ချိန်ကို အလိုက်ကန်းဆိုးမသိ တဒေါက်ဒောက် လာခေါက်ရသလဲ...?

တံခါးဖွင့်သည်နဲ့ မြင်လိုက်ရသည်က စီနီယာဆရာလေးယောက်နဲ့ ဘမ်းဘမ်းအခန်းဖော် မင်ဟိုတို့ဖြစ်နေသည်။

ဘာကိစ္စ စုပြုံပြီး...?
အာ ဘမ်းဘမ်း..?

"ဘာဖြစ်လို့ပါလဲ စီနီယာတို့...?"

"အော် မင်ဟိုက ဘမ်းဘမ်းပြန်မလာသေးဖူးပြောလို့ တစ်ခုခုများဖြစ်နေတာလားဆိုပြီး စိတ်ပူတာနဲ့ ကျတော်တို့ကို အကြောင်းလာကြားတာ...ဧကန္တ ဒီမှာများ ရောက်နေမလားလို့ပါ..."

"အာ...ဟုတ်တယ်...သူနေမကောင်းလို့တဲ့ကျတော့်ဆီဆေးလာတောင်းတာ စီနီယာကန်...
ခုတော့ ဆေးအရှိန်နဲ့ အိပ်ပျော်နေပြီ...
ကျတော် နှိုးပေးရမ..."

Tr Kan: "မဟုတ်တာ နေပါစေ အိပ်ပျော်နေတာကို...
ကျမတို့ကလည်း တစ်ခုခုဖြစ်မှာ စိတ်ပူလို့ပါ..

သိတဲ့အတိုင်း camp တစ်ခုလုံး ဒီကလေးက အန္တရာယ် ကြုံ လာရတာမလား...? တစ်ခုခု ဖြစ်နေပြီထင်သွားတာ...
ခုလို ဆရာသွမ့်ဆီမှာ လုံလုံခြုံ ခြုံ ရှိနေတာဆိုတော့ စိတ်ချပါပြီ...."

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now