💚Seon Saeng Nim💚

614 40 15
                                        

Episode💚Twelve
Markbam🐊🐍

Zawgyi :::

Mark နှင့် bambamတို့
ဆရာဝန်ခွင့်ပြု ချက်ရသည်နဲ့ နှစ်ယောက်လုံးကလဲ သက်သာနေပြီမို့ ညနေခင်းမှာပင် ဆေးရုံက
ဆင်းလာခဲ့ကြသည်။
ဆရာကန်မှ ကားငှါးကာ လာကြို ပေးသည်မို့ သုံးယောက်တူတူ တက္ကစီနှင့်သာ ပြန်လာဖြစ်ခဲ့ကြသည်။

mark ၏မာစီတီးလေးကတော့ ဝပ်ရှော့ရောက်နေခဲ့ပြီဖြစ်သည်။
သေဆုံးသွားသော တစ်နည်း bambamအားပြန်ပေးဆွဲခဲ့သော လူအတွက် ဘယ်မိသားစုဘယ်အသိုင်းအဝိုင်းကမှ လာရောက်အတည်ပြု ကြခြင်းမရှိသည့်အတွက် ဆေးရုံကဖဲ သဂြိုလ်ပေးခဲ့ကြသည်။

ထို့ကြောင့် သူ့ရဲ့ မာစီတီးအသစ်စက်စက်ကလေးသည် တာဝန်ယူ ပြုပြင်ပေးမည့်သူမရှိတော့တာမို့ အဖေဖြစ်သူ ကျောင်းအုပ်ဥက္ကဌကြီးကိုသာ အပူကပ်ရတော့မည်။

"ဒါကဘယ်လဲ?"

Restaurant ပြန်ရောက်သည်နဲ့ သူနားနေရာအခန်းသို့ သွားမည့် bambamကို markမှ လှမ်းမေးခြင်း ဖြစ်သည်။

"ဗျာ..ကျတော့်အခန်းကိုလေ.."

မျက်မှောင်တွေကြုံကာမေးနေသည့်markကြောင့် bambam မျက်လုံးအဝိုင်းသားဖြစ်နေရသည်။

"ဘယ်မှမသွားရပါဖူး.. မင်းကိုငါ့ကွယ်ရာမှာ
ထားလို့ကို မရတာ..ငါနဲ့ဖဲတူတူနေရမယ်.."

"ခင်ဗျာ...? "

"တဗျာဗျာ လုပ်မနေနဲ့ မနက်ဖြန်တောင်တက်ရမှာ ငါနားချင်ပြီ မြန်မြန်ဝင်.."

ခပ်တည်တည်နဲ့ ပြောနေပုံရ လူကြီး စနောက်နေမှန်း မဟုတ်ကြောင်း bambamသိလိုက်သည်။

"ကျတော့်က ဘာလို့ seon saeng nimနဲ့ တူတူနေ..အာ တစ်ခန်းထဲမှာအတူတူနေဖို့ကျ
ဘယ်လိုလုပ်ဖြစ်မှာလဲဗျာ..?"

"ဘာက မဖြစ်နိုင်တာလဲ? "

"အင်? အဲ့တာက ဟို..ဟို... အ! "

bambam ပြန်ဖြေသည်ကို မစောင့်။
Mark စိတ်မရှည်စွာပင် သူ့လက်အားဆောင့်ဆွဲကာသာ  အခန်းထဲသို့ ပစ်ထည့်လိုက်ပြီး သူပါတူတူဝင်လာခဲ့သည်။

"ဟင်? ဒါကျတော့်ပစ္စည်းတွေမလား?"

Mark ၏အခန်းထဲတွင် သူ၏luggageနဲ့အတူ အသုံးအဆောင်ပစ္စည်းများကို တွေ့လိုက်ရခြင်း။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now