Episode💚Thirty-One
Markbam🐰🐍
Zawgyi :::
One Week Later
ဂျေဝိုင်ပီစံအိမ်၏ သခင်ဖြစ်သော Lim Jae Beom ၏ မွေးနေ့မင်္ဂလာပွဲ။
ဥက္ကဌကြီး ရီအန်နဲ့ ဘုမ်းတို့ ရှယ်ယာစပ်တူဖြင့် တည်ထောင်ထားသော YEB ကုမ္ပဏီ၏ နှစ်နှစ်ဆယ်ပြည့် အခမ်းအနားလည်းဖြစ် ဘုမ်းရဲ့မွေးနေ့ပွဲလည်းဖြစ်ရာ တခမ်းတနား ကျင်းပကြသည်။ကုမ္ပဏီရှိ အကြီးအကဲများ၊ဝန်ထမ်းများ၊အသိမိတ်ဆွေပေါင်းဖော်များနဲ့ မရှိမဖြစ် နှစ်ဖက်မိသားစုများလည်းပါဝင်တက်ရောက်ကြခြင်းဖြစ်ကာ ရီအန်ညီအစ်ကိုတွေပါသော်လည်း မာ့ခ်သွမ့်ကတော့ ပါမလာခဲ့ချေ။
စားသောက်ဝိုင်းမှာ တစ်ယောက်တည်း ငူငူကြီးထိုင်နေသော သားကိုကြည့်ကာ မိခင်ပတ်မှာ စိတ်မချမ်းသာလှ။ခင်ပွန်းဖြစ်သူနဲ့ ဧည့်သည်တော်များကို လိုက်လံ ဧည့်ဝတ်ပြုနေသော်လည်း စိတ်က သားငယ်လေးဆီမှာသာ။အဖေကြီးကတော့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့သားကို အခုထိ စကားမပြောသေး။သားဖြစ်သူကလည်း ခေါင်းမာပြီး အဖေကို တောင်းပန်ခြင်းတစ်စုံတစ်ရာမပြုပေ။
သားက သိပ်ကို ပြောင်းလဲသွားခဲ့တာပဲ..။
"ကြည့်ပါအုံး..ဥက္ကဌကြီးက ဘာမှ သွေးမတော် သားမစပ်တဲ့ သူစိမ်းတွေပေါ်ကျ ကောင်းလိုက်တာ ... ငါတို့ပေါ်ကျ နည်းနည်းလေးမှ မကောင်းဖူး..."
မိသားစုညီအစ်ကိုတို့ စားဝိုင်းထဲ ခလောက်ထဆန်သူက အကြီးဆုံးအစ်ကို jung yi en ဖြစ်သည်။
"hyung ကကော မျက်နှာသာ ပေးစရာ ကောင်းခဲ့လို့လား..? လောင်းကစားတွေရှုံးပြီး အကြွေးတင်နေလို့ appa ပဲ ရှင်းခဲ့ရတာ မဟုတ်ဖူးလား..?
hyungကြောင့် appa အရှက်ရ ရတာ..."
"တော်စမ်း..! အငယ်က အငယ်လိုနေစမ်း...
မင်းတို့ကော ဘာထူးလဲ..? မိန်းမတွေနောက်ကောက်ကောက်ပါအောင် လိုက်သွားပြီးတော့များ...
Appa နားမှာ ဆေးပေးမီးယူ ငါပဲကျန်ခဲ့ရတာ..."
"တော်တော့ ကိုငယ်..! ကိုကြီးလည်း တော်တော့..
သူများတွေကြားရင် ရှက်စရာကောင်းတယ်.."
ကြားထဲက အစ်ကိုလတ်က ဖြန်ဖြေမှ နှစ်ယောက်လုံး အသံတိတ်သွားကြသည်။jung yi en ကတော့ အကြီးအကဲများ၏ ချီးမွမ်းထောပနာပြုခံနေရသော beomကို ကြည့်ကာ မစ္ဆိယစိတ်များ ပွားများနေပြန်သည်။
VOCÊ ESTÁ LENDO
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Fanficmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)