💚Seon Saeng Nim💚

539 33 43
                                        

Episode💚Twenty-One
Markbam🐰🐍

Zawgyi :::

နောက်တစ်နေ့ မနက်...။
At Woljeingri Beach
In Reception

"ကဲ ဒါက ဆွန်းယောင်းနဲ့ ယူရီအခန်းသော့...
ဒါက ဂျွန်းဟိုနဲ့ ဆိုးဟွန်းသော့....
ဒါက မင်ဟိုနဲ့ ဘမ်းဘမ်း.....

ကဲဒါဆို အားလုံးအခန်းသော့ ရကြပြီနော်..
အဲ့တော့ မှာထားတဲ့အတိုင်း ကိုယ့်အခန်းဖော်နဲ့ အချိတ်အဆက်ရှိကြပါ...

ကမ်းခြေကလွဲပြီး တခြားဘယ်ဝေးတဲ့နေရာမှ သွားခွင့်မပြု ပါဖူးနော်...နားလည်ကြတယ်မလား..?

လွတ်လွတ်လပ်လပ် နေခွင့်ပေးထားတယ်ဆိုတိုင်း အရမ်းမသောင်းကျန်းကြပါနဲ့...
ဘာဘာညာညာဆိုလို့ကတော့ မင်းတို့ ကျောင်းအုပ်ကြီး ရီအန်အကြောင်း သိကြတယ်နော်...."

Student: "Nae....!!!!! "

"အေး ဟုတ်ပြီ ဒါဆို စားရေးသောက်ရေးကတော့ မနက်ည နှစ်နှပ်စာ စီစဉ်ပေးထားတယ်
ဒီကြားထဲ စားသောက်တာကတော့ ကိုယ့်ကိုယ်တာထဲက ကိုယ်ပဲပေါ့....နားလည်ကြလား?"

Student: "ဟုတ်ကဲ့.. နားလည်ပါပြီ..."

ဆရာမဗြောင်ဆူ၏ အမှာတမ်းစကားအဆုံး ကျောင်းသူ ကျောင်းသားတွေအရိုသေပေးကြပြီး အသီးသီး သက်ဆိုင်ရာ အခန်းဆီ ထွက်ခွာသွားကြသည်။

"သောက်ကလေးလေး.... လူကို နှုတ်တောင်မဆက်သွားဖူး...! ဒီမှာတော့ သူနဲ့အတူတူ တစ်ခန်းထဲတူတူနေရဖို့ စဉ်းစားနေတာကို သူကတော့....

သောက်ကလေးစုတ်...နောက်မှ ဟင်းဟင်းနော်....ဟင်းဟင်း....🤗🌝 "

Markခင်မျာ သူ့ကို အဖက်ကလေးတောင် မလုပ်သွားရှာသော ဘေဘီပိစိကို အံတွေကြိတ်ကာ ကြိမ်းမောင်းနေပြီး အငြိုးတေးထားလိုက်ပြီလည်း ဖြစ်သည်။

လူကြီး အငြိုးထားရင် ဘေဘီဘမ်းလေး သနားစရာ...။

"Woah! ပင်လယ်လေက အေးမြနေတာပဲ ခုမှပဲ လန်းဆန်းသွားတော့တယ်... "

"သိပ်ပျော်နေတယ်ပေါ့..."

နေ့လည်စာ စားပြီး အစာကြေအောင် လမ်းလျှောက်ရန် ကမ်းခြေဘက်သို့ bamတစ်ယောက်တည်း လေညှင်းခံ ထွက်လာခဲ့သည်။ပင်လယ်လေရဲ့ လတ်ဆတ်မှုကို လက်နှစ်ဖက် ဆန့်တန့်ရင်း ခံစားရှုရှိုက်နေစဉ်မှာပင် အနောက်ဆီမှ ခနဲ့သံနဲ့ဖြင့် မကျေမနပ်အသံ ထွက်လာခြင်းပင်ဖြစ်သည်။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now