Episode💚Twenty-Four
Markbam🐰🐍
Zawgyi :::
"မင်းကလည်းနော် ခုမှပဲမြင်ရတော့တယ်..."
အခန်းထဲ စစဝင်လာချင်းမှာတင် မင်ဟိုရွဲ့ထဲ့သံက အရင်ဆုံးကြားရသည်။bambam ဟိုဟိုဒီဒီလည်း ဘာမှပြန်မချေပနိုင်။အိမ်ပြန်ဖို့တွက်သာ ပစ္စည်းတွေ ထုတ်ပိုးနေလိုက်သည်။
"ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား seon saeng nimကြီးနဲ့ ...?"
Bambam ဘာမှပြန်မပြော။
"မင်းတို့ တကယ်ပဲ တွဲနေကြတာလား...?"
"ဟို...မင်းတို့....ဟို...ဟိုဟာတောင်ဖြစ် အားး!!!!"
Bambam သူ့မျက်စိရှေ့က စားပွဲတင်နာရီအသေးလေးနဲ့ ကောက်ပေါက်လိုက်တာ မင်ဟို နဖူးတည့်တည့်ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့သည်။
"သွေး သွေတွေ အားး ငါ့နဖူးပေါက်သွားပြီ...
မသာကောင် အဲ့လောက် လုပ်ထည့်ရလား..?
အား ကျွတ်စ်ကျွတ်စ် ငါ့နဖူးလေးတော့....."
Bambam ဘာတစ်ခုမှ မပြောသေး Luggage ထဲ အဝတ်ထည့်ုခြင်းကိုသာ ဆက်လုပ်နေသည်။သူ့ပစ္စည်းတွေအားလုံး သိမ်းဆည်းသွားပြီးသည့်အခါ အခန်းပြင် ပြန်ထွက်သွားသည်။
ကျန်ခဲ့သူ မင်ဟိုမှာ သူ့ကို စိတ်ဆိုးသည် ဘာညာညာ ဘာတစ်ခွန်းမှ မပြောသွားပဲ နာရီနဲ့ ရုတ်တရက် ကောက်ပေါက်ခံလိုက်ရမှုအပေါ် မကျေမချမ်းဖြစ်နေသည်။
ဆူဆူပုတ်ပုတ်နဲ့ သူထွက်လာဖြစ်တာက ကမ်းခြေစပ်နားသို့။လေတဝီဝီနဲ့ တိုက်ခတ်နေမှုကြောင့် ဆံပင်တွေက ဘယ်ညာယိမ်းခါနေသည်။ကျောက်ဆောင်တွေဆီ လှိုင်းတွေ သွားရောက် ကျီစယ် ချစ်တင်းနှောသည်ကိုကြည့်ကာ မျက်ရည်ဝဲလာမိသည်။
နောက်သုံးနာရီကြာပြီးသည်နောက်ဆို
ဒီပင်လယ်ကြီးကိုလည်း မတွေ့နိုင်တော့ဖူး။
ဒီလှိုင်းလှလှလေးတွေကိုလည်း မတွေ့နိုင်တော့ဖူး။
ဒီလို လတ်ဆတ်တဲ့ ပင်လယ်လေကိုလည်း မထိတွေ့နိုင်တော့ဖူး။
နောက်ဆုံး ချစ်ရသူကိုလည်း မတွေ့မြင်နိုင်တော့ပေ။
မွေးဖွားရာဇာတိမြေ အိမ်သို့ပြန်ရောက်ပါလျှင် ကျောင်းနဲ့အိမ် အိမ်ရှေ့နဲ့အိမ်နောက်ဖေး တို့ကိုသာ သွားလာနိုင်တော့မည် သနားစရာ ကောင်လေးငယ်။
YOU ARE READING
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Fanfictionmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)