💚Seon Saeng Nim💚

702 37 23
                                        

Episode 💚Thirty-three
Markbam🐍🐰

Zawgyi :::

တောင်ကိုရီးယားရဲ့ ဒုတိယအချမ်းသာဆုံး ဥက္ကဌသွမ်၏သားအငယ်ဆုံးနှင့် တတိယအချမ်းသာဆုံး စာရင်းဝင် လင်မ်ဂျေဘုမ်းရဲ့ တစ်ဦးတည်းသော သားတို့၏ သို့လော...သို့လော... ဗီဒီယိုများပြန့်ပွားပြီးနောက် ခြောက်လအတွင်း ဂယက်များစွာ ထခဲ့သည်။နှစ်ဦးနှစ်ဖက်လုံးဟာ လူ့အသိုင်းအဝိုင်းထဲ မဝင်ဆန့်တော့။
အိမ်တော်ရှေ့တွေမှာ အမြဲလိုလို သတင်းသမားတွေ ရောက်ရှိနေတတ်ကြပြီး စုံစမ်းမေးမြန်းလိုနေကြသည်။

နှစ်ဦးစပ်တူ တည်ထောင်ထားသော YEB ကုမ္ပဏီသည်လည်း ရှယ်ယာရှင်တစ်ချို့ထွက်ခွာကြသဖြင့် စီးပွားရေး ယိုင်လဲကုန်ပြီး ကုမ္ပဏီ အား ပိတ်သိမ်းခဲ့ရသည်။ဥက္ကဌနဲ့ beomတို့လည်း အဆက်သွယ်တွေဖြတ်ကာ တစ်နယ်သို့ ပြောင်းကာ ဇာတ်မြုပ်နေခဲ့ကြသည်။

ပြသာနာ၏အရင်းခံ လူသားနှစ်ဦးဟာတော့ ခုချိန်ထိ ပျောက်နေဆဲ။

_______________________

One Year Later:

သန်းခေါင်ကျော်မဟုတ်သော ညဦးယံ။
လပြည့်ညမဟုတ်ပေမယ့် လခြမ်းရဲ့ အလင်းရောင် မှိန်ပျပျက ဝရံတာမှ ဒန်းပုခက်ပေါ်က ဇနီးမောင်နှံနှစ်ဦးပေါ် လွှမ်းခြုံထားသည်။

"Beom..! honeyတို့ သားလေး တနေရာရာမှာတော့ ကောင်းကောင်းမွန်မွန် ရှိနေမှာပါနော်..."

"အင်း..."

"သား..သားက နေမကောင်းဖြစ်နေမလား မသိဖူးနော်..."

"မဟုတ်လောက်ပါဖူး..."

"သားက တယောက်တည်း အဆင်ပြေပြေ ရှိနေပါ့မလားဟင်...? "

"ရှိတာပေါ့..သားက.. တနေရာရာမှာ..အင်း..အဆင်ပြေနေတယ်.."

"သား..သားလေး..bam..bammieလေးက..ရှင်သန်နေပါအုံးမလား...အင့်...ဟင့်..beom..အင့်ဟင့်...nyoungသားလေး..အင့်ဟင့်..."

ထိုအခါ အသံတိတ်မျက်ရည်ကျနေသော beom လည်း မထိန်းနိုင်စွာ ဇနီးသည်နဲ့အတူ ငိုယိုလာသည်။ပျောက်ဆုံးနေသော လွန်ခဲ့သည့် တစ်နှစ်ခန့်ဆီက အိမ်တော်ရဲ့ မင်းသားငယ်လေးကို နေ့ရှိသ၍ နာရီနဲ့အမျှ စက္ကန့်တိုင်း မမေ့မပျောက် လွမ်းဆွတ်ခဲ့ကြသည်။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Donde viven las historias. Descúbrelo ahora