Part-5 ( precious person)

11.1K 1.1K 29
                                    

Unicode

တစ်ဖန်ရောက်ရှိလာပြန်သည့် နွေရာသီ၏ပူပြင်းမှုက သူ့ကိုအသက်ရှူရခက်ခဲစေသည်။

အခန်းပြတင်းတံခါးတွေပိတ်ပြီး air corn နှင့်လည်းသူကြာကြာမနေနိုင် မွန်းကြပ်လွန်းလှသည်။

"ကိုကို ငယ်လေး...."

အသံစာစာနှင့် သူ့ရဲ့ညီမငယ်လေးခွန်းခက်ဆစ်က အခန်းထဲဝင်လာကာ ကာတွန်းကားဖွင့်ပေးရန်ပူဆာတော့သည်။

မေမေက ညီမလေးကို အဖွားအိမ်ပို့ပြီး အဒေါ်တွေအစ်မဝမ်းကွဲတွေနဲ့နေစေတာကို သလင်းမြူသဘောမကျပါ။

ကိုယ်နဲ့သွေးသားတော်စပ်သည့် အမျိုးတွေဖြစ်နေလျှင်တောင် သူတို့ရဲ့စိတ်ဓာတ်တွေမကောင်းတာကို သူသိသည်။ ညီမလေးအပေါ် ဒီလိုစရိုက်တွေစိုးမိုးသွားမည်ကို သူမလိုလားပါ။

တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော တစ်ဖက်သတ်တွေးသည်ပဲထင်ထင် သူ့အတွက်တော့ ဒီမိသားစုလေးနှင့် သွေးတို့လိုသူငယ်ချင်းတွေကသာ သူအယုံကြည်ရဆုံးသော သွေးသားတွေဟုခံယူထားသည်။

သာမှကပ်ချင်သည့် ရှိမှချိုသာသည့် အတုအယောင်အပြုံးတွေနှင့် အလိမ်အညာလူတွေက သူ့အတွက်တော့ လမ်းဘေးကသူတောင်းစားလောက်ပင်အရေးမပါ။ သူတောင်းစားကိုတောင် တကယ်အသက်အရွယ်ကြီးသူတွေနှင့် မသန်မစွမ်းတွေဆိုလျှင်သူလှူဒါန်းသည်။

သူတို့တွေလိုတာရှိမှ မေမေ့ဆီလာတတ်ကြသည့် အမျိုးဆိုတဲ့ဟာတွေကိုတော့ နှုတ်ဆက်စကားမပြောနှင့် မြင်လျှင်တောင် အကြည့်လွှဲတတ်သည်။

"ကိုကိုမင်းညီ... "

အခန်းထဲဝင်လာသည့် ကိုမင်းကိုညီမလေးကအော်ခေါ်လိုက်မှ သလင်းမြူ အတွေးစတို့ရပ်တန့်သွားရသည်။

"ခွန်းလေး ကာတွန်းကားကြည့်နေတာလား...."
"ဟုတ်....
ကိုကိုမင်းညီ လည်းအတူတူလာကြည့်လေ.."
"ဟုတ်ကဲ့ပါဗျာ....
ကိုကိုရေချိုးပြီးမှ ခွန်းလေးနဲ့အတူကာတွန်းကားကြည့်မယ်နော်...."

ကိုလတ်နှင့်အတူ ဆိုင်အတွက်လိုတာတွေသွားဝယ်သည့် ကိုမင်းက ရာသီဥတုပူသောကြောင့်ပင်ပန်းလာပုံပင်။

Glossary Of Alive (Completed)Where stories live. Discover now