Part-21 (bloody white roses)

9K 989 150
                                    

Unicode

ဒီဇင်ဘာရဲ့ နံနက်ခင်းက စောင်ပုံထဲမှာကွေးနေဖို့အကောင်းဆုံးပေမယ့် 8 နာရီမှာစမည့်အတန်းချိန်ကြောင့် သူ့မှာဆက်ပြီးစည်းစိမ်မခံနိုင်တော့...

"အ.."

ပြောင်ချောနေသည့် ကြမ်းပြင်အေးစက်စက်ပေါ် ခြေဖဝါးရောက်သွားတော့ စူးကနဲနာသွားသောကြောင့် ခြေထောက်တွေကို ကြည့်လိုက်ရာ ထင်သည့်အတိုင်း ရောင်နေကြပြီ....

လမ်းလျှောက်တိုင်းနာပေမယ့် အတန်းနောက်ကျမည်ကို ပိုစိုးရိမ်နေရသည်။

ရေနွေးစိမ်လိုက်ရင် သက်သာနိုင်ပေမယ့် သူဂရုမစိုက်အား....

အိမ်တွင်းစီး အနွေးဖိနပ်လေးနှင့် ခြေလှမ်းတွေကို ခပ်ဖွဖွနင်းရင်းသူအောက်ထပ်ဆင်းလာခဲ့သည်။

သူ့အကြိုက် မုန့်ဟင်းခါးကို အန်တီမြက ပြင်ပေးပြီး ဝီရိယကောင်းသည့် ဘုန်းရှိန်ဝါထက်ကတော့ coffee တစ်ခွက်နှင့် သတင်းစာဖတ်နေသည်။

"အစ်ကိုလေး ခြေထောက်ကဘာဖြစ်လို့လဲ...
လမ်းလျှောက်တာ ထော့နဲ့နဲ့နဲ့...."
"ဘာမှမဖြစ်ပါဘူး.... "

ဘုန်းရှိန်ဝါထက် ဖတ်လက်စ သတင်းစာကိုစားပွဲပေါ်ချကာ ခုံမှထသွားလေသည်။

မုန့်ဟင်းခါးကိုသာ အမြန်ငုံ့နေစားနေတုန်း သူ့ရှေ့ကို ဘုန်းရှိန်ဝါထက်က ဒူးတစ်ဖက်ထောက်ထိုင်ကာ သူ့ခြေထောက်တွေကိုကိုင်လာသည်။

"ဘာလုပ်တာလဲ... "
"ငြိမ်ငြိမ်နေ... "

အနွေးဖိနပ်လေးကို ဖယ်လိုက်တော့ ဖောင်းကစ်နေသည့် သူ့ခြေဖမိုးနှင့် ခြေချောင်းလေးတွေကိုကြည့်ပြီး ဘုန်းရှိန်ဝါထက်က စုတ်သပ်သည်။

ဖိုက်ဘာ ဇလုံတစ်ခုထဲကို ရေနွေးနှင့် ရေစပ်ပြီး သူ့အနားပြန်ရောက်လာသည်။

"ကိုယ့်ကိုကိုယ် ဘယ်တော့မှဂရုမစိုက်ဘူး...
အမြဲစိတ်ပူရအောင်လုပ်တယ်...."

ပွစိ ပွစိပြောရင်း သူ့ခြေထောက်တွေကိုစိမ်စေကာ သေချာ နှိပ်နယ်ပေးနေသူကြောင့် အန်တီမြတို့ မိငယ်တို့အကြောင်သားငေးနေကြပြီး သလင်းမြူကတော့ တစ်စတစ်စ မျက်ရည်တို့ရစ်သိုင်းလာသည်။

Glossary Of Alive (Completed)Where stories live. Discover now