Part-44 ( pre honeymoon)

7.4K 793 93
                                    

Unicode

အရှေ့ကဆရာမဖွင့်ပေးတဲ့ laptop ထဲကစကားပြောသံတွေကိုသလင်းမြူသေချာလိုက်နားထောင်ရင်း tutorial dialogue မေးခွန်းတွေကိုဖြေသည်။

"ဘာတွေပြောနေတာလဲဟ....
အဖြေကဘယ်ဟာမှန်းတောင်မသိဘူး..."

ခပ်အုပ်အုပ်ပြောသည့်တေဇကြောင့် သလင်းမြူအသံထွက်မရယ်မိအောင်ထိန်းထားရသည်။

"Slow နဲ့ဖွင့်ပေးထားတာကိုသေချာအာရုံစိုက်လိုက်နားထောင်လေ..."

English စာမှာတော့ ကောင်းကင်ကတေဇတို့ထက်သာရာ ဆရာကြီးစတိုင်နှင့်ပြောလေသည်။

"ဆရာလာလုပ်နေတယ်...
သူကကျစူးနေရောင်ဆီကကူးနေပြီးတော့..."
"ငါ့ကုသိုလ်နဲ့ငါ....မနာလိုဖြစ်မနေနဲ့..."

မပြီးနိုင်ဘဲတိုးတိုးတိတ်တိတ် ကြိတ်သတ်နေကြသည့်နှစ်ကောင်ကို မျက်လုံးပြူးပြပြီး ငြိမ်ခိုင်းရသည်။

အားလုံးပြီးတော့ စာရွက်တွေစုကာ ဆရာမထံကိုသလင်းမြူသွားထပ်သည်။

"ဒါနဲ့ထူးဆန်းတာတစ်ခုရှိတယ်...
စူးနေရောင်ထက်နဲ့ပတ်သက်ပြီး..."
"ဘာကလဲ..."
"မင်းတို့မေ့သွားတာလား...
စူးနေရောင်ထက်က English စာမှာဆို ငါတို့ထက်ညံ့တယ်လေ....
Essay letter တောင်အမြဲကျက်ဖြေလို့ ဆရာမငေါက်တာခံခဲ့ရတာ...
Bio ဂုဏ်ထူးလေးပါပြီး အမှတ်လေးရောကောင်းသွားလို့ ဒီကျောင်းဝင်ခွင့်ရသွားပေမယ့် roll number ကအောက်ဆုံးမှာလေ..."
"ဟုတ်သား...."
"စူးနေရောင်ထက် အရင်နဲ့မတူတော့တာဟုတ်ပေမယ့် ဉာဏ်ရည်ပါပြောင်းလဲသွားတာများလား....
သူ့ကြည့်ရတာ လူစားထိုးခံရသလို ရုပ်ရည်ကလွဲရင် ဘာတစ်ခုမှအရင်လိုမဟုတ်ဘူး...."
"မင်းပြောမှ....ငါလည်းသတိရတယ်...
စူးနေရောင်ထက် မျက်နှာပြုပြင်တာကလွဲရင် တခြားခွဲစိတ်တာတွေဘာတွေမကြားဖူးဘူးလားလို့.....
အူအတတ်သာဖြတ်ရမယ်ဆိုရင် သူ့အရင်အကျင့်အတိုင်း သနားစရာပုံစံလုပ်ပြီး ငစစ်ကိုအဲ့အကြောင်းလာပြောခဲ့မှာအသေအချာပဲ..."

မင်းခိုင်ရဲ့စကားကအထူးအဆန်းမို့ ကောင်းကင်မျက်ခုံးတွေတွန့်ကွေးသွားသည်။

"မင်းတို့သတိမထားခဲ့မိတာနေမှာပါကွာ...
English စာကလည်း ဒီလောက်သင်တန်းတွေပေါနေတာကို သူသေချာပြန်လေ့လာထားတာနေမှာပေါ့..."

Glossary Of Alive (Completed)Where stories live. Discover now