Part-7 ( distant)

9.6K 993 24
                                    

Unicode

"ငယ်လေး...."
".........."
"ငယ်လေး....ထတော့......"

မင်းညီနှိုးနေတာကို ငယ်လေးက တစ်ဖက်လှည့်ကာပြန်အိပ်လေသည်။

"သင်္ကြန်ကျပြီလေ...ငယ်လေး...."

သင်္ကြန်ကျပြီဆိုမှ ငယ်လေးက ချက်ချင်းထထိုင်လာသည်။ ဒါပေမယ့် မျက်လုံးတွေတော့မဖွင့်သေး။

"ကိုကို...."

လက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည့် ကောင်လေးကြောင့် ဘာလုပ်စေချင်မှန်းနားလည်စွာ ငယ်လေးကိုပွေ့ချီပြီး ရေချိုးခန်းထဲဝင်လိုက်သည်။

ဘေစင်ပေါ်မှာထိုင်စေလိုက်တော့ ငယ်လေးက သူ့ပခုံးကိုမှီကာအိပ်နေသေးသည်။

သွားတိုက်တံနှင့်သွားတိုက်ဆေးကိုအဆင်သင့်လုပ်ပြီး လက်ထဲထည့်ပေးလိုက်တော့ မျက်စိမဖွင့်ဘဲ သွားကိုတိုက်နေလေသည်။

ပါးလုပ်ကျင်းပြီး မျက်နှာသစ်ပေးတော့မှ မျက်လုံးလေးတွေကမဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်လာလေသည်။

ဘေစင်မှရေအနည်းငယ်ကို ငယ်လေးဂုတ်ပေါ်လောင်းချလိုက်တော့ တွန့်လိမ်သွားသည်။

"ကိုကို...!"
"ငယ်လေးကို ပထမဆုံးရေလောင်းလိုက်ရပြီ..."

မင်းညီစကားကြောင့် ငယ်လေးကလည်း သူ့ကိုရေပြန်လောင်းလေသည်။

"ကိုကို့ကိုလည်း ပထမဆုံးရေလောင်းလိုက်ရပြီ....ဟီး...."

မင်းညီသူ့ကိုရယ်ပြနေသည့် ငယ်လေးရဲ့နဖူးကိုအသာလေးတောက်လိုက်သည်။

"သလင်းရေ!!!!"

ပြဲလန်နေသည့်ခေါ်သံကြောင့်သွေးရောက်လာပြီမှန်း သူသိလိုက်သည်။

ဘေစင်ပေါ်မှငယ်လေးကိုအောက်ချပေးလိုက်တော့ သွေးရှိရာပြေးသွားလေသည်။

"ရော့ အိမ်ကနှင်းဆီပင်ပွင့်လို့ နင့်အတွက်ယူလာတာ...."

သွေးပေးတဲ့အဖြူရောင်နှင်းဆီပွင့်ကို ငယ်လေးကယူကာနမ်းရှိုက်လေသည်။

"ကျေးဇူးပဲ...."

နှင်းဆီဖြူလေးကိုငယ်လေးကနမ်းမဝပုံပင်။

Glossary Of Alive (Completed)Where stories live. Discover now