Part-45 ( love & sex )

8.8K 792 79
                                    

Unicode

အနွေးထည်ထူထူဝတ် ဆံပင်တွေကို Dryer နှင့်မှုတ်ပြီးခြောက်မှ သူလိမ်းနေကျ ရနံ့သင်းသင်းလေးနှင့် ခေါင်းလိမ်းဆီလေးလိမ်းကာ အခန်းထဲမှထွက်လာခဲ့သည်။

"ကိုဘာလုပ်နေတာလဲ..."

အကင်ဖိုလေးနားမှာ ကုန်းကုန်းကွကွနှင့်အလုပ်ရှုပ်နေသည့်ကောင်းကင်...

"မီးမွှေးနေတာလေ..."

ပြန်ဖြေရင်း ခေါင်းမော့ကြည့်လာသည့် ကောင်းကင်ရဲ့မျက်နှာကိုမြင်တော့ သလင်းမြူ ခွီးကနဲထရယ်သည်။

"......."

မီးဖိုကမီးစမတွေ့ရဘဲ မီးခိုးတွေသာထွက်နေပြီး ကောင်းကင်ရဲ့မျက်နှာကလည်းမီးသွေးမှုန်တွေနှင့်မဲနေသည်။

"ချစ်လုပ်လိုက်မယ်....
မျက်နှာသွားသစ်လိုက်..."

မီးခိုငွေ့တွေကြောင့် ပြတင်းပေါက်တွေဖွင့်လိုက်သည်။

ကောင်းကင်မျက်နှာသစ်ဖို့ ဘေစင်ရှေ့ရောက်မှ မှန်ထဲကကိုယ့်ရုပ်ကိုယ်မြင်ပြီး နေရောင်ဘာလို့ရယ်မှန်းသိသွားသည်။

"ကို အကင်ဗန်းတွေယူပေးဦး"
"အင်း..."

တံခါးပေါက်တွေဆီကဝင်လာသည့် အအေးဓာတ်တဖြည်းဖြည်းတိုးလာသည်။

ခပ်ရှည်ရှည်အကင်ဖိုလေးဘေးမှာ စားပွဲနှင့်ထိုင်ခုံတွေချကာ နှစ်ယောက်သားထိုင်လိုက်ကြသည်။

"အေးလိုက်တာ..."

အကင်တွေကို ဆီတို့ပေးရင်း မီးလှုံနေသည့် သူ့ချစ်သူလေးက နှာခေါင်းထိပ်လေးတွေနီနေသည်။

ထိုင်နေသည့်ခုံမှထပြီး နေရောင့်ခုံမှာအတင်းဝင်ထိုင်ကာ နေရောင့်ကိုရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်သည်။

"အခုနွေးသွားပြီလား..."
"အင်း...နည်းနည်း..."

နေရောင့်ခါးကိုအနောက်ကနေဖက်ထားရင်း ပါးလေးကိုနှာခေါင်းနှင့်ပွတ်တော့ တွန့်တွန့်သွားကာ ရယ်သည်။

"နှာခေါင်းအေးကြီးနဲ့ မလုပ်နဲ့..."
"ဟားဟား.."

ကျက်သည့်အကင်လေးတွေကိုပန်းကန်ထဲထည့်ပြီး ကောင်းကင်ကိုခွံ့ကျွေးလိုက်သည်။

Glossary Of Alive (Completed)Where stories live. Discover now