Part-12 ( without love)

8.9K 918 41
                                    

Unicode

လက်ကောက်ဝတ်မှ ရင်းနှီးတဲ့နာကျင်မှုလေးကြောင့် ဆေးပိုက်တပ်ထားမှန်း သူသိလိုက်သည်။

ဆေးနံ့ခပ်သင်းသင်းရပေမယ့် ဆေးရုံမှာဖြစ်ဟန်မတူ။

လက်ဖဝါးကနွေးထွေးတဲ့အထိအတွေ့ကိုခံစားမိတော့ ပထမဆုံးအကြိမ်အဖြစ် တောင်းဆုပြုမိသည်။

ကျေးဇူးပြုပြီး ကိုကိုဖြစ်ပေးပါ....
ကျွန်တော်မြင်ခဲ့ကြားခဲ့ရတာအားလုံးအိမ်မက်ပဲဖြစ်ပေးပါ

မျက်ဝန်းတွေကိုအသာဖွင့်ကြည့်မိတော့ သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ကိုကို....

သူပျော်ရွှင်မှုကြောင့် ပြုံးရင်းမျက်ရည်တောင်ဝဲမိသည်။

"သသ..."

သူအမြင်မှားခြင်းပဲ..

ပထမဆုံးအကြိမ်ဆုတောင်းခြင်းကတောင်မပြည့်ဝခဲ့ပါ။

"အသက်ရှုရကြပ်လား...
ခေါင်းရောမူးနေလား ...."

သလင်းမြူ မျက်ဝန်းတွေသာပြန်ပိတ်လိုက်ပြီး စိတ်ကိုမနည်းငြိမ်အောင်ကြိုးစားလိုက်သည်။

ယခုသူ့အခန်းမှာပဲ ဆေးသွင်းနေခြင်းပင်။

သူ lock ချထားသည့်တံခါးမှာလည်း ကြိုးပဲ့နေသည်။ မေမေတို့အားလုံးလည်း သူ့အနားမှာ ငြိမ်သက်စွာထိုင်နေကြသည်။

သူရိုက်ခွဲထားသည့် guitar ကလည်း အပိုင်းအစလေးတစ်ခုတောင်ရှိမနေတော့။

"သသ ကိုယ်မေးနေတယ်လေ...
ခေါင်းအရမ်းမူးနေလို့လား..."
"......."
"ကိုယ်ဒီနေ့ပဲ ပြန်ရောက်တာ...
သသဆီကိုအရင်ဆုံးတန်းလာတာ...
ကြိုဆိုတဲ့ မြင်ကွင်းကတော့ မကောင်းဘူးပဲ..."

မျက်ဝန်းတွေကိုပြန်ဖွင့်ပြီး မျက်နှာမကောင်းသည့် ကိုခန့်ကို သလင်းမြူ အားတင်းပြီးပြုံးပြမိသည်။

"ပြန်လာတာ ကြိုဆိုပါတယ် ကိုခန့်..."
"အဆင်ပြေရဲ့လား..."
"ဘာကိုလဲ...."
"အားလုံး..."
"အဆင်ပြေပါတယ်....
ဆေးပိုက်ဖြုတ်လို့ရလား..."
"ဆေးကုန်ရင်ဖြုတ်လို့ရပြီ....
နည်းနည်းပဲကျန်တော့တာ..."
"ကျွန်တော်ခဏလောက်နားချင်တယ်..."
"အင်း...."

Glossary Of Alive (Completed)Where stories live. Discover now