Part-59 ( brothers in law)

6.5K 711 72
                                    

Unicode

အသိစိတ်ပြန်ကပ်ပြီး သလင်းမြူနိုးလာပေမယ့် မျက်လုံးတွေကအရမ်းကိုလေးလံနေသဖြင့် ဖွင့်ဖို့ပြန်အားယူနေရသည်။

သူရင်ဘက်တစ်ခုလုံးလည်း အရမ်းနာနေသလိုပင်။

သူ့အနားနားမှာစကားပြောသံလည်းကြားရသည်။

ကောင်းကင်....

သွေးတွေနှင့်မောင့်ကိုပြန်မြင်ယောင်ကာ သူ့မျက်ဝန်းတွေအလန့်တကြားဖွင့်ပြီး အမြန်ထထိုင်လိုက်သည်။

"ငယ် နိုးပြီလား..."

ဖုန်းပြောနေသည့်ကိုကိုက ဖုန်းကိုချပြီးသူ့အနားရောက်လာသည်။

လက်ကောက်ဝတ်မှ ဆေးပိုက်ကိုသူချက်ချင်းဆွဲဖြုတ်လိုက်တာမို့ကိုကိုတောင်တားချိန်မရလိုက်။

"ကောင်းကင်..... ကောင်းကင်ဘယ်မှာလဲဟင်"

သူမတ်တပ်ထရပ်လိုက်ပေမယ့် ခေါင်းထဲမှမိုက်ကနဲဖြစ်သွားရာ ကိုကိုကအလန့်တကြားနှင့်ကုတင်ပေါ်မှာပြန်ထိုင်နေစေသည်။

"စစ်ကောင်းကင်နိုင်သီးသန့်အခန်းမှာရှိတယ်
သူသတိရနေပြီ.....
ဓားဒဏ်ရာကအရမ်းမနက်လို့ ကိုယ်တွင်းအင်္ဂါတွေလည်း မထိခိုက်ဘူးတဲ့....."
"သား သူ့ဆီသွားမယ်"
"ငယ်!
ကိုယ့်ကိုကိုယ်လည်းစိတ်ပူပါဦးကွာ.....
မနေ့ညကငယ်မေ့လဲပြီး နှလုံးခုန်ရပ်သွားသေးတယ်သိလား!
Shock ရိုက်ပြီးပြန်နှိုးရတဲ့အချိန် ကိုကိုဘယ်လောက်တောင်လန့်သွားခဲ့လဲငယ်မသိဘူး........"

ကိုကိုဟာသူ့ကိုစိတ်ဆိုးသွားသည်ထင် သက်ပြင်းတစ်ချက်ချပြီး အခန်းထဲမှထွက်သွားသည်။

အကြောတွေအကုန်ဖြတ်တောက်ထားခံရသလိုမျိုး ခံစားနေရသည့်ခန္ဓာကိုယ်ကို ဥပက္ခာပြုကာ သူအားတင်းရင်းတစ်လှမ်းချင်းလျှောက်လာခဲ့သည်။

အခန်းတံခါးနားအရောက် တံခါးဖွင့်ဖို့လက်လှမ်းလိုက်ပေမယ့် တံခါးကပွင့်သွားကာ ဝှီးချဲကိုတွန်းလျက်ကိုကိုကသူ့ရှေ့ပေါ်လာသည်။

"ဝှီးချဲပေါ်ထိုင်....
ကိုကိုလိုက်ပို့ပေးမယ်..."
"ဟုတ်"

သူတစ်ချက်ပြုံးလိုက်တော့ကိုကိုက ငဆိုးလေးဟုဆိုကာပြုံးသည်။

Glossary Of Alive (Completed)Where stories live. Discover now