Part-43 ( sweet dream my love)

7.2K 804 166
                                    

Unicode

ကျောင်းစုံညီပွဲတော်မှာ သီချင်းဆိုသည့် ညီမလေးရဲ့ video ကိုမမကြီးကပို့ထားသည်ကိုတွေ့တော့ သူအမြန်ဖွင့်ကြည့်လိုက်သည်။

စင်ပေါ်မှာ သီချင်းကို mood အပြည့်နှင့်ကောင်းစွာသီဆိုနေသူက သူ့ရဲ့ချစ်စရာညီမငယ်လေး ခွန်းခက်ဆစ်ဆိုတာထက် ပါရမီပါသော အဆိုတော်တစ်ယောက်နှင့်တူနေသည်။

ပညာရေးဘက်မှာအလယ်အလတ်အဆင့်သာရှိသည့်သူ့ညီမလေးက ဂီတဘက်မှာတော့သိပ်ကိုထူးချွန်သည်။

"ကိုကို....
ခွန်းလေးကဘာလို့ကိုကို့လိုမတော်တာလဲမသိဘူးနော်..."

သူ့ရဲ့ဆုတံဆိပ်တွေကိုကြည့်ပြီး မေးဖူးသည့် ခွန်းလေး...

"ခွန်းလေးရဲ့အိမ်မက်ကဘာလဲ..."
"အိမ်မက်?....
တစ်ခါမှတောင်မစဉ်းစားဖူးဘူး...."
"ဝါသနာကရော..."
"အိမ်မက်တွေဝါသနာတွေကို ညီမလေးမသိဘူး.."
"ဒါဆို...
အပျော်ဆုံးကဘယ်အချိန်တွေလဲ..."
"ကိုကိုတို့ မေမေတို့ပျော်နေတဲ့အချိန်....
ပြီးတော့...
သီချင်းဆိုတဲ့အချိန်...."
"သီချင်း..."
"အင်း...
သီချင်းဆိုနေတဲ့အချိန်တွေဆို လွတ်လပ်ပြီး...
ရင်ခုန်တယ်...စိတ်လှုပ်ရှားတယ်...ကြည်နူးတယ်....."

သီချင်းတွေအကြောင်းကိုပြောရင် မျက်ဝန်းလေးတွေတလက်လက်တောက်ပနေတဲ့သူ့ရဲ့ညီမငယ်လေး...

"အဆိုတော်ဖြစ်ချင်လား..."

ရုတ်တရက်သူ့ကိုမော့ကြည့်လာပြီး မျက်ဝန်းလေးတွေအရောင်ဖျော့သွားကာ ပြုံးပြသည်။

"အဆိုတော်ဖြစ်ဖို့က....
ဘယ်လောက်အရည်အချင်းရှိရှိ...
နောက်ခံမရှိရင်....
ကြာကြာမရပ်တည်နိုင်ဘူးတဲ့...."
"ကိုကိုထောက်ပံ့ပေးမယ်..."
"ဟင်..."
"ခွန်းလေးသာတကယ်တော်တဲ့အဆိုတော်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်...
ကိုကိုကလည်း ထောက်ပံ့ပေးနိုင်အောင်ကြိုးစားမယ်"
"တကယ်လား "
"တကယ်ပေါ့..."

သူ့ကတိအတိုင်း ခွဲစိတ်စရိတ်အပြင် ညီမလေးအတွက် bank account ဖွင့်ပြီးလတိုင်းထည့်ထည့်ပေးထားသည်။

"အဲ့တာဘယ်သူလဲ!"

နားနားကပ်အော်သည့် အသံကြီးကြောင့် တစ်ကိုယ်လုံးတုန်တက်သွားကာ လက်ထဲကဖုန်းပါလွတ်ကျသွားသည်။

Glossary Of Alive (Completed)Where stories live. Discover now