Part-49 ( temperature of March)

6.5K 770 104
                                    

Unicode

"သတင်းပေးအမှားကြောင့်နှောက်ယှက်ခဲ့မိတာကိုတောင်းပန်ပါတယ်..."

ဆေးစစ်ခြင်းအဖြေထွက်လာပြီးနောက် ဦးညွှတ်ကာလာတောင်းပန်ကြသည့် တာဝန်ရှိသူများ....

"ရပါတယ်....
ခင်ဗျားတို့လည်းတာဝန်အရမို့လုပ်ရတာပဲ...."

သလင်းမြူ ထိန်းသိမ်းရေးအခန်းထဲမှထွက်လာပြီး အကြောတွေဘာတွေဆန့်လိုက်သည်။

"ကျွန်တော်ကိုတိုင်တဲ့သူရဲ့နေရာမှာတော့ ခင်ဗျားတို့ရှာနေတာတွေသေချာပေါက်ရှိနေမှာ..."
"ဗျာ..."
"အချိန်ရရင် သွားရှာကြည့်ကြပေါ့....အကျိုးယုတ်မှာမဟုတ်ဘူး.....
ကျွန်တော်ပြန်ပြီ..."

ကျောပေးလျှက်သားလက်ပြကာ မဲ့ပြုံးတစ်ခုနှင့်သူထွက်လာခဲ့သည်။

မူးယစ်တိုက်ဖျက်ရေးအတွက် ဖွဲ့ထားသည့် အထူးအဖွဲ့က သတင်းပေးရဲ့ နာမည်နေရပ်လိပ်စာ နှင့်ကိုယ်ရေးအချက်အလက်တွေပါရှိကြသည်။

ဖုန်းဆက်လှမ်းတိုင်တိုင်း သွားဖမ်းတတ်တဲ့အဖွဲ့အစည်းမျိုးမဟုတ်တဲ့အတွက် စေ့စပ်သေချာမှုလည်းရှိကြသည်။

"ခင်ဗျားတော့ ပဲထမင်းကိုတစ်သက်လုံးစားရတော့မှာဘဲ ကိုဓနရာ....ကျွတ်ကျွတ်...."

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုအတွက် ပြစ်ဒဏ်ဟာ တစ်သက်တစ်ကျွန်းဖြစ်လိမ့်မည်။

"ချစ်..."
"ငယ်...."

သူထွက်လာတာမြင်တော့ ဘယ်အချိန်ကတည်းကစောင့်နေမှန်းမသိသည့် သူချစ်ရတဲ့အစ်ကိုနဲ့ချစ်သူဟာ အပြေးလေးအနားရောက်လာကြသည်။

"ကိုယ်တို့ကိုဝင်ခွင့်မပေးလို့ ထိုင်စောင့်နေကြတာ.....
ဆေးအဖြေကဘယ်လိုလဲဟင်..."
"ဘယ်လိုရမှာလဲ ချစ်မှ ဆေးမချတာ...."
"အဲ့တာဆို....
အခုလွတ်ပြီလား.... "
"အင်း..."
"တော်သေးတာပေါ့..... "
"အဲ့လူတွေအကုန် အသရေဖျက်မှုနဲ့တရားစွဲပစ်မယ်...."
"မလုပ်ပါနဲ့....
သူတို့တွေကပြန်တောင်းပန်ကြပါတယ်.....
အိမ်မြန်မြန်ပြန်ကြရအောင်လေ....
ပူတယ် ရေအရမ်းချိုးချင်နေပြီ ဗိုက်ထဲကလည်းဟာတာတာနဲ့...."
"ကားပေါ်တက်...."

သူကိုကို့ဘေးမှာဝင်ထိုင်လိုက်တော့ ကောင်းကင်ကအနောက်ခန်းမှာထိုင်သည်။

Glossary Of Alive (Completed)Where stories live. Discover now