The Last Extra

12.2K 873 123
                                    

Unicode

"သားသားနာမည်က ကောင်းကင်သစ်ပါဗျ
သားသားက မေမေ ထက်သွေးနီနဲ့ ဖေဖေ ရောင်နီသစ်တို့ရဲ့ တစ်ဦးတည်းသော ချစ်သည်းတုံးလေးပါခင်ဗျ......
သားဖွားဖွားကတော့ ဒေါ်မေသွေးနီ ဖြစ်ပြီး ဖိုးဖိုးကတော့ ဦးဟိန်းလတ် ဖြစ်ပါတယ်....."

မိတ်ဆက်စကားဆိုနေသည့် ကလေးငယ်လေးရဲ့ အသံနောက် ဆရာမများက သဘောတကျလက်ခုပ်တီးပေးကြသည်။

"သားသားလေးက ဒီမှာထိုင်နော်"
"ဟုတ်ကဲ့"

ဆရာမပို့ပေးသည့် ခုံမှာ ကောင်းကင်သစ်နာခံစွာထိုင်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် လက်ကလေးနှစ်ဖက်ကို ပွတ်နေမိသည်။

မူကြိုပထမဆုံးရက်ဟာ ကောင်းကင်သစ်အတွက် ပျော်ရွှင်စွာစတင်ပြီးဆုံးခဲ့သည်။

"ဖွားဖွား! သားသားပြန်လာပါပြီ"

အိမ်ရှေ့ကားရပ်လိုက်တာနဲ့ အဖေအမေကိုတောင်မစောင့်တော့ဘဲ အိမ်ထဲပြေးဝင်သွားသည့် ကောင်းကင်သစ်ရဲ့အသံကပျံ့လွင့်လာကာ ဧည့်ခန်းမှ အဖွားဖြစ်သူစီတန်းရောက်သွားသည်။

"အာဘွားလေးပေးပါဦး"

ခြေဖျားလေးထောက်ကာ ဖွားဖွားပါးကိုနမ်းပြီးတာနဲ့ အပေါ်ထပ်ပြေးတက်သွားပြန်သည်။

" ချော်လဲမယ်နော် သားသား"

အမေဖြစ်သူရဲ့သတိပေးသံကို မကြားချင်ယောင်ဆောင်ပြီး ကောင်းကင်သစ်ဟာ လွယ်အိတ်ချလို့ ဆော့တောင်ဆော့နေပေပြီ။

"သားသားလေ ဒီနေ့......."

ညစာဝိုင်းမှာ သူ့ရဲ့တစ်နေ့တာ အတွေ့အကြုံတွေကို ကြွားလုံးထုတ်ခဲ့သေးသည်။

"Good night ပါသား"

ပုံပြင်ဖတ်ပြပြီး မျက်ဝန်းတွေမှိတ်နေသည့် သားဖြစ်သူရဲ့ ပါးကို နမ်းကာ အခန်းမီးပိတ်ပေးပြီး ထက်သွေးနီကိုယ့်အခန်းကိုယ်ပြန်သွားတော့သည်။

မိခင်ဖြစ်သူပြန်ထွက်သွားသည့်နောက် ကောင်းကင်သစ်ရဲ့မျက်လုံးတွေပြန်ပွင့်လာပြီး အလင်းရောင်မှိန်မှိန်ထဲကနေ ပိတ်ထားသည့် လိုက်ကာတွေရှိရာ ဝရန်တာဘက်ကိုမျက်နှာမူလှည့်လိုက်သည်။

Glossary Of Alive (Completed)Where stories live. Discover now