Part-62 ( For Sky)

6.6K 708 141
                                    

Unicode

တရွေ့ရွေ့ကုန်ဆုံးလာတဲ့အချိန်တွေအတွင်းမှာ သူပြောင်းလဲဖို့အမျိုးမျိုးကြိုးစားတယ်....

တစ်စုံတစ်ယောက်ကိုမလွမ်းမိအောင် စာထဲမှာအာရုံကိုနှစ်တယ် အချိန်ပိုင်းအလုပ်တွေလုပ်တယ် အိပ်မပျော်ရင်တောင်စာအုပ်တွေဖတ်ပြီးအတွေးတွေကိုတား​ဆီးထားတယ်....

အရင်က သုံးခဲ့သမျှ social media account တွေအကုန်သူ ဖျက်ပစ်ပြီး သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်ဖြတ်ထားသည်။

အဖေနဲ့အမေကတောင် မနေနိုင်လို့ဖုန်းဆက်ကြပေမယ့် တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီး ဘာစကားတစ်ခွန်းမှမဆိုကြ။

သံရုံးကစီစဥ်ပေးထားတဲ့တိုက်ခန်းမှာ သူနဲ့တခြား Scholar အောင်သည့် မြန်မာကျောင်းသားတစ်ဦးအတူနေရသည်။

သူ့ဘက်ကတော့ မလိုအပ်ဘဲစပြီးစကားဆိုလေ့မရှိပေမယ့် အခန်းဖော်တွေဖြစ်နေ၍ ရင်းနှီးသည်ဟုဆိုနိုင်သည်။

"စစ်ကောင်းကင် မင်းအိမ်မပြန်ဘူးလား...."

စာမေးပွဲပြီးလို့ကျောင်းပိတ်တိုင်း မေးတတ်သည့်အခန်းဖော်ရဲ့မေးခွန်းကို သူအမြဲခေါင်းရမ်းပြီးသာအဖြေပေးသည်။

သူမပြန်ချင်......

တစ်စုံတစ်ယောက်ရဲ့အငွေ့အသက်တွေရှိနေတဲ့မြေကို ပြန်ခြေချမိရင် ကျက်ခါစအနာဟာဆားနဲ့အပက်ခံရသလို ပြန်နာမည်ထင်....

တစ်ခါတစ်လေ တေဇတို့ဆီက ဖုန်းလာပေမယ့် နေကောင်းလားအဆင်ပြေလားမှလွဲ၍ ပြောစရာစကားတွေမရှိခဲ့.....

တဖြည်းဖြည်း နာမည်ကြီးလာတဲ့ ခွန်းခက်ဆစ်လေးရဲ့ သီချင်းတွေကိုတော့ သူ You Tube ကနေ download ဆွဲနားထောင်ဖြစ်သည်။

သူ့အခန်းဖော်ကလည်း ခွန်းလေးရဲ့ Fan မို့သီချင်းအသစ်တွေထွက်တိုင်း မကြားချင်မှအဆုံး တစ်နေကုန်ကိုဖွင့်တော့တာ....

ခွန်းလေးရဲ့ သီချင်းတွေထဲမှာမှ တေးရေး FS ရဲ့သီချင်းတွေကိုသူအကြိုက်ဆုံးပင်....

သံစဥ်အေးအေးလေးတွေနဲ့ စာသားလေးတွေက သူကိုအမည်မဖော်နိုင်သည့်ခံစားချက်မျိုးပေးစွမ်းနိုင်သည်။

Glossary Of Alive (Completed)Where stories live. Discover now