17.2K 1.5K 29
                                    

Zawgyi Ver

၂။ ၆နှစ်အရွယ်အဓိကဇာတ်လိုက်ကောင်

စုမန်နိုင်ငံက ထွက်သွားပြီးတဲ့နောက် သူ့မှာကိုယ်ဝန်ရှိနေမှန်းသိလိုက်ရတယ်။ သူ့မှာဘယ်မိသားစုဝင်မှလည်းမရှိတော့တာနဲ့ ကောင်းကင်ဘုံကပေးတဲ့ဆုလာဒ်လို့မှတ်ကာ ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲ့ဒီနောက်မှာ သူမဟာကံကောင်းစွာပဲ နဂါးနဲ့ဇာမဏီလို အမွှာလေးတွေမွေးခဲ့တယ်။ ဒီကလေးနှစ်ယောက်လုံးက မယုံနိုင်လောက်အောင်ပဲ ချစ်ဖို့ကောင်းတယ် ညဏ်ကောင်းတယ် ပြောစကားလည်းနားထောင်ပြီး စဉ်းစားဆင်ခြင်တက်တယ်။ သူတို့က ပိုက်ဆံဘယ်လိုရှာရမလဲတောင်သိပြီးတော့ လုံးဝကလေးလို့တောင် မထင်ရဘူး။ သားကြီးလေးက သူ့ညီမလေးကို စောင့်ရှောက်တက်ရုံသာမက အချိန်တွေကြာလာတာနဲ့ ချစ်ဖို့ကောင်းတဲ့ ခပ်ထိုင်းထိုင်း သူ့အမေပါ စောင့်ရှောက်နိုင်လာတယ်။

စုမန်ကို ရှာမတွေ့တော့တဲ့ ရှောင်ယန်က သူ့မိဘတွေဆန္ဒအတိုင်း သင့်တော်တဲ့လက်တွဲဖော်အဖြစ် စုမန်ညီမဝမ်းကွဲ စုရန်ကို ယူလိုက်ရတယ်။

၇နှစ်ကြာပြီးတဲ့နောက်မှာ စုမန်က ကလေးနှစ်ယောက်နဲ့အတူ မွေးရပ်မြေကို ပြန်လာခဲ့တယ်။ စုတပေါင်ရဲ့ လိမ္မာပါးနပ်တဲ့အရှုပ်တွေကြောင့် ရှောင်ယန်က စုမန်နဲ့ ပြန်ဆုံဆည်းရတယ်။

ရှောင်ယန်က သူ့ကိုတစ်ချက်ကြည့်ရုံနဲ့ တန်းမှတ်မိသွားတယ်။ သူ့ဘေးက ကလေးနှစ်ယောက်ကိုမြင်တော့ ရင်တောင်ပိုခုန်သွားခဲ့တယ်။

စုမန်ကတော့ ဒီလူကို သူ့ခဲအိုဝမ်းကွဲအဖြစ် ကြိုသိထားတယ်။ ဒါကြောင့် ပိုအထင်သေးစက်ဆုပ်စွာပဲ မြင်တယ်။ သူက Single Motherဖြစ်ပင်မယ့်လည်း သူ့မှာလာပိုးနေပြီး တိတ်တဆိတ် သူ့ဘက်ကနေ ကာကွယ်ပေးနေတဲ့ ယောင်္ကျားတွေ အများကြီးရှိတယ်။

မူလစုရန်အတွက်ကတော့ သူ့ယောင်္ကျားမှာ သူ့ဝမ်းကွဲနဲ့ တရားမဝင်ကလေးတွေ ရှိနေပြီး ကလေးတွေတောင်ကြီးနေမှန်းသိရတော့ တော်တော်လန့်သွားခဲ့တယ်။ ရှောင်ယန်နဲ့ သူလက်ထပ်ထားတာ ၅နှစ်ရှိနေပင်မယ့် သူတို့မှာကလေးတစ်ယောက်တောင်မရသေးဘူးလေ။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now