၃၀

9.6K 1.2K 19
                                    

Unicode Ver

၂၉။ ရဲခေါ်ဖို့အချိန်ရောက်ပြီ 

အချိန်ခနလေးအတွင်းမှာ ဧည့်ခန်းက လူတွေနဲ့ပြည့်သွားတယ်။ ရှောင်သခင်ကြီးနဲ့ သခင်မကြီးတောင် နိုးသွားကြတယ်။

ရှောင်သခင်မကြီးက နဉ်ရှုကို မကျေနပ်မှုအထင်းသားနဲ့
"နင်ညလည်ခေါင်ကြီး ဘာလုပ်နေလဲ? တစ်မိသားစုလုံးကို နှောင့်ယှက်ဖို့ လုပ်နေတာလား?"

နဉ်ရှုက ရှောင်သခင်မကြီးကို အေးတိအေးစက်ကြည့်ကာ ကြမ်းပြင်က မိန်းမကြီးကို ကန်လိုက်ကာ
"ဒီမိန်းမကြီးက ကျွန်မကိုသတ်ဖို့လုပ်တယ်။ ရဲခေါ်ထားလိုက်ပြီ"

နဉ်ရှုက ဒီမိန်းမကြီးကို မှတ်မိလိုက်တယ်။ သူမက ရှောင်မိသားစုမှာ ထမင်းဟင်းချက်ရတဲ့သူပဲ။

ရှောင်သခင်ကြီးက ရဲခေါ်ထားတယ် ပြောတာကြားတော့ ချက်ချင်းမျက်နှာကြီး တင်းသွားပြီး
"ဘာလို့ပြသနာကို ပုံကြီးချဲ့နေတာလဲ? ဒီကိစ္စသေးသေးလေးကို ရဲခေါ်တဲ့အထိ ဘာလို့လုပ်နေတာလဲ? နင်အခုဘာမှမဖြစ်ဘူးမလား? ဘာမှမဟုတ်တာကို လုံးဝရေးကြီးခွင်ကျယ်လုပ်နေတာပဲ"

နဉ်ရှု : . . . WTF!!! ငါသာမြန်မြန်မလှုပ်ရှားနိုင်ရင် အခုသေနေလောက်ပြီ။ ဒီလူတွေက ဘယ်လိုတွေတောင်လား?

နဉ်ရှုက ဒီကမ္ဘာကြီးက တော်တော်ရွံဖို့ကောင်းမှန်း ထပ်သိရပြန်တယ်။ ဒီမှာ ဘာဥပဒေကိုမှ အလေးထားပုံမရဘူး။ ဇာတ်လိုက်က အရမ်းအကောင်းပြီး အကုန်လုံးကို ဖြေရှင်းနေတယ်။ ရဲဆိုတာက လုံးဝမရှိသလိုပဲ။ တကယ်လို့ ဇာတ်လိုက်က လူတစ်ယောက်ကို သတ်ပစ်လိုက်ရင်တောင်မှ လူတွေက ဇာတ်လိုက်ကို အရမ်းမိုက်တယ်လို့ပဲ ထင်ကြတယ်။ ဒါက . . .

သိပ်မကြာခင်မှာပဲ ရဲကားသံတွေကြားရပြီးတဲ့နောက် ရဲတွေရောက်လာတယ်။ ဦးဆောင်လာတဲ့သူက မေးတယ်။
"ရဲတွေကို ဘယ်သူခေါ်တာလဲ?"

နဉ်ရှုမဖြေခင်မှာပဲ ရှောင်သခင်ကြီးက မကျေမနပ် ငြီးတွားတယ်။
"ပြည်သူတွေကို ညလည်ခေါင်ကြီးမှာ စိတ်အနှောက်အယှက် လာပေးနေတာပဲ!"

အား ဒီလို အဖက်မလုပ်သလို တင်းမာနေတဲ့ မျက်နှာကြီးနဲ့! သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာပဲ။ ငါထပ်ဆွံအသွားမိပြန်ပါပြီနော်။ ရှောင်မိသားစုက ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားနေပါစေဦး။ သူက စီးပွားရေးလုပ်ငန်းရှင်အပြင် ဘာမှမဟုတ်တာ။ အရာရှိတစ်ယောက်အရှေ့မှာ သူ့ကိုယ်သူ အထက်လူကြီးတစ်ယောက်လို လုပ်နေရဲသေးတယ်လား! ယုံချင်စရာတောင် မကောင်းဘူး။ နောက်ဆုံတော့ ရှောင်ယန်ရဲ့ အရူးဆန်မှုတွေက ဘယ်လိုဖြစ်လာတာလဲဆိုတာ  သူမနားလည်ပြီ။ ဒါက မျိုးရိုးလိုက်တာကိုး။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now