12.3K 1.4K 80
                                    

Zawgyi Ver

၎။ နုံအဖို့အရည်အချင်းများ

စုမန်ဟာ နဉ်ရှုရဲ့ ခြိမ်းခြောက်တဲ့အကြည့်ကြောင့် နည်းနည်းလန့်သွားပြီး ဒီလူ့အပြုအမူတွေက သိက္ခာရှိတယ်လို့ ခံစားလိုက်ရတယ်။ ပြီးတဲ့နောက်မှာ ရင်ထဲကနေ ဒေါသတွေအလိပ်လိုက်ထွက်လာပြီး အေးဆက်စွာပဲ
"သူများတွေကို အပြစ်မရှာခင် အရင်ဆုံး အပြစ်မကျူးလွန်ဘဲနေလေ။ နင့်မိသားစုက ဘယ်လို ရက်စက်တဲ့ သွေးသံသရဲရဲလုပ်ရပ်မျိုးလုပ်ခဲ့လဲ နင်ကိုယ်တိုင်သိတယ်မလား။ နင့်ကလေးကတောင် နင့်လိုအမေမျိုးမလိုချင်ဘဲ ဒီလိုထွက်သွားတာ မထူးဆန်းပါဘူးလေ"

"သူများလင်ကို ခိုးဖို့လုပ်နေတဲ့ မကောင်းတဲ့ဟာမကများ!နင်မွေးထားတဲ့ အောက်တန်းစားတွေတောင် အသိညဏ်မရှိဘူး။ နင်က ဘာမှမဟုတ်တဲ့ မကောင်းတဲ့ဟာမပဲ! ငါ့သမီးလေးကို ဒီလိုပြောရအောင် နင်မှာဘာအခွင့်အရေးရှိလို့လဲ? အရှက်မရှိတဲ့ခွေးမ! ယောင်္ကျားတစ်ယောက် အိပ်ရာပေါ်တက်ပြီး ကလေးတောင်မွေးလိုက်သေးတယ်ပေါ့လေ။ ငါသာနင်ဆိုရင် ခေါင်းမိုးထပ်က ခုန်ချပြီးနေလောက်ပြီ။ အရှက်မရှိ အရည်ထူလိုက်တာများ!"
သခင်မကြီးစုက စုမန်အပေါ် ပေါက်ကွဲတော့တယ်။

စုမန်က သခင်မကြီးစုကို ရှိုးတိုးရှန့်တန့် ကျောခိုင်းပြီးမှ မေးကိုမော့ရင်း
"ရှင်တို့တွေ ရှင်တို့လုပ်ရပ်အတွက် အနှေးနဲ့အမြန် ဒဏ်ခံရလိမ့်မယ်"

နဉ်ရှုက သိသိသာသာကြီးကို သန်မာချင်ယောင်ဆောက်နေတဲ့ စုမန်ကို ပြုံးရင်း
"ငါဘယ်လိုဒဏ်မျိုးခံရမှာလဲ? နင်က သူများယောင်္ကျားလည်းခိုးတယ်။ သူများမိသားစုလည်း ဖျက်စီးတယ်။ လူတိုင်းက နင့်ကိုမယားငယ်မလို့ခေါ်ပြီး နင်မွေးထားတဲ့ မျိုးမစစ်လေးတွေရဲ့ နာမည်ကလည်း အိမ်ထောင်စုစာရင်းမှာတောင် မပါနိုင်ဘူး။ ဒဏ်ခံရမယ့်အကြောင်းကို စိတ်ပူနေရမယ့်သူက နင်ပဲဖြစ်သင့်တယ်မလား?"

နဉ်ရှုက စုမန်တော်တော်အတာကို သိသွားတယ်။ ဇာတ်လိုက်မရဲ့ အရည်အချင်းတွေက နုံအမယ်ဆိုတာ သေချာတာပေါ့။ ဒီလိုအရည်အချင်းမျိုးကို သဘောကျတဲ့ ယောင်္ကျားတွေလည်း အများကြီးရှိတယ်။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now