၁၈

9.8K 1K 16
                                    

Zawgyi Ver

၁၈။ ပင်လယ်စာ၏ပြစ်မှု

"အမေ အတိအကျဘယ်လိုဖြစ်တာလဲ?"
ရှောင်ယန်က နဉ်ရှုကို တချက်ကြည့်လိုက်တယ်။
"ထင်တဲ့အတိုင်းပဲ။ စုရန် မင်း မြွေလိုအဆိပ်ပျင်းတဲ့မိန်းမ။ ကလေးတွေတောင် မညှာတာဘူး"

ရှောင်သခင်မကြီးကလည်း နဉ်ရှုကို တချက်ကြည့်လိုက်တယ်။
"ဒါတွေအကုန်လုံးက အဲ့ဒီမိန်းမ ပင်လယ်စာစားချင်လို့ပဲ။ နေ့လည်စာစားတုန်းက ကလေးနှစ်ယောက်လုံးက အများကြီးစားမိလို့ အစာမကြေဖြစ်ပြီး ဆေးရုံတင်ပြီးကုလိုက်ရတယ်"

ရှောင်သခင်ကြီးကလည်း သဘောတူတယ်။
"နောက်အိမ်မှာ ပင်လယ်စာစားခွင့်ကို ပိတ်မယ်"

နဉ်ရှု: Mama သမီးအိမ်ပြန်ချင်လာပြီ။ ဒီကလူတွေအာလုံးက ဦးနှောက်မရှိတဲ့အရူးတွေကြီးပဲ

ရှောင်ယန်က နဉ်ရှုကို ရွံရှာသလိုကြည့်လိုက်တယ်။

နဉ်ရှုက ဟက်ခနဲ ရယ်လိုက်တယ်။
"ကျွန်မက သူတို့ကို စားခိုင်းတဲ့သူလည်းမဟုတ် ပါးစပ်ကိုအတင်းဆွဲဖြဲပြီး မြိုချခိုင်းခဲ့တာလည်း မဟုတ်တာ။ ဒါမှမဟုတ် ကျွန်မက အဆိပ်ခပ်ထားခဲ့မိလို့လား?"
ငါက အဲ့ဒါကို ဘာလုပ်ထားလို့လဲ?

"နင် စကားကို လာကတ်ပြောရဲသေးတယ်လား? တကယ်လို့ နင်သာ ရှောင်ပေါင်ကို အသည်းအသန်ငိုအောင် မခြောက်ခဲ့ရင် ဒီကလေးတွေက ဘယ်နှယ့်အစာမကြေဖြစ်မလဲ?"
ရှောင်သခင်မကြီးက သရော်ပြုံးလိုက်တယ်။

နဉ်ရှု : . . .အား ငါ့ရင်ထဲမှာ တကယ်ပင်ပန်းနေပါပြီနော်။ ဒီလူတွေ ဘာလို့ ဒီလောက် တုံးရတာလဲ? ကိုယ်ကျင့်တရားနဲ့ ပတ်သတ်ပြီး logicတစ်ခုခုများ ရှိနေလား? အရာအားလုံးရဲ့ အပြစ်တွေက အကြောင်းပြချက်မရှိ ငါ့ဆီပုံကျလာပြီးတော့ ဒီလူတွေက သူတို့မှန်နေသလိုမျိုး လုပ်နေတုန်းပဲလား? သူတို့ဦးနှောက်ကို ဘယ်လိုများ သုံးနေကြတာလဲ?

နဉ်ရှုက ဒီအခြေအနေနဲ့ ပတ်သတ်ပြီး တွေးမိတယ်။ ဒီကလေးတွေက သူမစားချင်တယ် ပြောလိုက်မိတာကြောင့် သူမစားစရာမကျန်အောင် ပင်လယ်စာတွေအကုန်စားပစ်လိုက်တာ ဖြစ်နိုင်တယ်။ အစောကြီးတည်းက ကလေးတွေအတွက် အစာမကြေရတဲ့အထဲ ဒီကလေးတွေ နောက်ဆုံးဆေးရုံရောက်တာပေါ့။ ပင်လယ်စာက တကယ်တော့ အပြစ်ကင်းတယ်။ ငါလည်းပဲ အပြစ်ကင်းပါတယ်နော်။ ဒါပင်မယ့် ဒီလိုထိခိုက်နစ်နာမှုကိုရော ကလေးတွေရဲ့ အပြုအမှုနောက်က မကောင်းတဲ့ရည်ရွယ်ချက်ကိုရော ဘယ်သူကမှ မမြင်ကြဘူး။ ဒီလို နဉ်ရှုပြောခဲ့သလို ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်တာမျိုးက သူတို့ဟာသူတိုဖြစ်တာပဲလေ။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now