၁၉

9.8K 1.2K 25
                                    

Zawgyi Ver

၁၉။ အနည်းဆုံးတော့ ငါ့မှာစာရွက်ရှိတယ် 

နဉ်ရှုက ရှောင်ယန်ရဲ့ ကွာရှင်းမယ့်ဆုံးဖြတ်ချက်ကို ငြင်းတာသဘာဝကျပါတယ်။ သူတို့ကွာရှင်းလိုက်တာနဲ့ game overဖြစ်သွားပြီပဲ။ သူမက ဒီဦးနှောက်သေနေတဲ့ အရူးတွေကို ဒီလောက်အကြာကြီး သည်းခံပြီးပြီဟာ။ ဒါကြောင့် သူမဒီတာဝန်ကို သူမအလျှော့ပေးလိုက်စရာ လုံးဝမရှိဘူး။ အနည်းဆုံးတော့ သူမက ဒီကမ္ဘာမှာ ရှောင်ယန်ကို ကွာရှင်းမယ့်သူ မဟုတ်ဘူး။

(Note: နဉ်ရှုကတော့ ကွာရှင်းမရပင်မယ့် မူလစုရန်ပြန်ရောက်လာရင်တော့ သူမရွေးချယ်နိုင်ပါတယ်)

နဉ်ရှုက ရှောင်ယန်ဘက်ကို လှည့်ကာ ခိုင်မာစွာပြောလိုက်တယ်။
"နင် ဒီစကားနောက်ထပ်ပြောရင် နင်ချီးထွက်ကျအောင် ငါရိုက်မှာ"

နဉ်ရှုစကားက ရှိတဲ့လူတိုင်းကို လန့်သွားစေတယ်။ ရှောင်ယန်မျက်နှာက ခရမ်းရောင်တောင် ပြောင်းတော့မတက်ပဲ။

"စုရန် မိန်းမယုတ်! ငါမင်းကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူးကွ! အဲ့ဒါကြောင့် လက်ထပ်ထားတာနဲ့ ငါ့ကိုချည်နှောင်ဖို့ မလုပ်နဲ့တော့"
ရှောင်ယန်က အော်ဟစ်ပြောတယ်။
"ဒီဘဝမှာရော နောက်ဘဝမှာရော နောက်ရော မင်းကို ဘယ်တော့မှချစ်မှာမဟုတ်ဘူး။ မိန်းမယုတ်!"

ရှောင်ယန်ရဲ့ အသံအကျယ်ကြီးကြောင့် နဉ်ရှု့နားတွေ အူထွက်သွားတယ်။ နဉ်ရှုက နားကလော်ရင်း ပြောလိုက်တယ်။
"နည်းနည်းတိုးစမ်းပါ။ ဒီလောက် အကျယ်ကြီးအော်နေရင် အထဲက ဆရာဝန်တွေကို အနှောင့်အယှက်ဖြစ်သွားမယ်။ အစာအိမ်ထဲက စုပ်ထုတ်နေတာ အပေါက်ဖြစ်သွားရင် ခံရမှာ နင့်တန်ဖိုးကြီးကလေးနှစ်ယောက်နော်"

ရှောင်ယန်က နဉ်ရှုပြောတာကြားတော့ ဒေါသထွက်သွားပင်မယ့် သူ့ကလေးနှစ်ယောက်က သူ့ကြောင့် ကျပ်သွားမှာလည်း သူစိုးရိမ်မိတယ်။ သူ့အမူအယာက ပျက်သွားပြီး သူ့ကြည့်ရတာ ဝမ်းချုပ်နေတဲ့ရုပ်မျိုးနဲ့။

"နင်"
ရှောင်သခင်မကြီးက နဉ်ရှုကို လက်ညှိုးငေါက်ငေါက်ထိုးရင်း
"နင် ဒီလိုမျိုးတောင် ခြိမ်းခြောက်ရဲတယ်လား?"

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now