၁၃

11.5K 1.4K 74
                                    

Zawgyi Ver

၁၃။ စုလန် 

မူလကိုယ်ရဲ့မောင်က ဒီလိုအရူးကောင်ဖြစ်လိမ့်မယ်လို့ နဉ်ရှုတစ်ခါမှ မတွေးမိဘူး။ ဒါဇာတ်ကြောင်းကြောင့်များ ဖြစ်နေမလား? ရန်သူတွေကြားမှာ အနည်းဆုံး လူကောင်းတစ်ယောက် ရှိနေမှလား? ကောင်းပြီလေ အနည်းဆုံးတော့ စုမန်ကိုလူကောင်းထင်တဲ့တစ်ယောက်ပေါ့။

နဉ်ရှုက စုလန်ကို ကြည့်လိုက်တယ်။ သူက လတ်ဆတ်တဲ့အသားစိမ်းလိုမျိုး အရမ်းသန့်တဲ့စရိုက်ရှိတယ်။ သူကဇာတ်လိုက်ကောင် ရှောင်ယန်လိုမျိုး ဘယ်နေရာမှာမှ သွေးအေးပြီး မကြမ်းတမ်းဘူး။

[Note: လတ်ဆတ်တဲ့အသားစိမ်းလေးဆိုတာက ငယ်ရွယ်ချောမောတဲ့ဇာတ်လိုက်တွေကို ဖော်ပြတဲ့ တရုတ်နိုင်ငံရဲ့ internet ဗန်းစကားဖြစ်ပါတယ်။ ဒါက တက်သစ်စ celebratiesတွေကို များသောအားဖြင့် သုံးကြတယ်]

ကျွတ် ကျွတ် ဒါစုမိသားစုရဲ့ အမွေဆက်ခံသူတဲ့လား? အနာဂတ်မှာ စုမိသားစုရဲ့ တာဝန်ဝတ္တရားက ဒီအချစ်ရူးစုလန်ဆီ ရောက်သွားတော့မှာပဲ။

"စုလန် သားအမကို ပြန်တောင်းပန်စမ်း"
စုသခင်မကြီးက သူ့သမီးစိတ်ဆိုးသွားပုံရတာ မြင်လိုက်တယ်။
"သူက သားအမကြီးလေ။ စုမန် ဘာပြောပြော သားဘယ်လိုလုပ်ယုံနိုင်ရတာလဲ?"
စုသခင်မကြီးက သားကိုအရမ်းချစ်ပင်မယ့် သမီးက သူမရဲ့ရင်နှစ်သည်းချာပဲ။ သူမကလေးတွေ မတည့်ရတဲ့အကြောင်းက စုမန်ဖြစ်နေတော့ သူမပိုတောင်သဘောမကျဖြစ်လာတယ်။

စုလန် နဖူးကြောတွေ တွန့်လာပြီး ခေါင်းမာစွာ ဆက်ပြောတယ်။
"ဒီကိစ္စမှာ မကြီးက မှားတဲ့သူလေ။ လူတိုင်းက သူ့ကလေးမရှိတော့တာအတွက် တော်တော်စိတ်မကောင်းဖြစ်ပင်မယ့် ဒါအတွက် တခြားတစ်ယောက်ကို အပြစ်ဖို့တာကတော့ မဟုတ်သေးပါဘူး"

နဉ်ရှုက ဒါတော်တော်ရယ်ရတာမလို့ စိတ်ထဲကနေ ကြိတ်ရယ်လိုက်တယ်။ သူမစုလန်ဆီ လျှောက်သွားကာ သူ့ရှေ့တည့်တည့်မှာ ရပ်လိုက်တယ်။ သူမက သူ့လောက် အရပ်မရှည်တာမလို့ သူ့ကိုခေါင်းမော့ကြည့်လိုက်ပင်မယ့် သူမအကြည့်တွေက စုလန်ရင်ထဲမှာ ခနလောက်ကြောက်လန့်တုန်လှုပ်သွားစေတယ်။ သူမအကြည့်တွေက အရမ်းအေးဆက်ပြီး လျစ်လျူရှုထားတော့ စုလန် နည်းနည်းပျာယာခတ်သွားတယ်။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now