12.1K 1.4K 42
                                    

Zawgyi Ver

၅။ လှည်းကျိုးထမ်းမယ့်သူ 

ရှောင်ယန်နဲ့ စုမန်တို့ အချင်းချင်းတွန်းလိုက်ဆွဲလိုက်လုပ်နေတာကိုကြည့်ပြီး နဉ်ရှုနှုတ်ခမ်းထောင့်လေး ကော့တက်သွားတယ်။ သူတို့က ဖက်နေကြတာပဲ။ စုမန်က ခုခံနေပင်မယ့်လည်း သူတို့ကိုယ်တွေက တဖြည်းဖြည်းချင်းနီးသွားတာပဲ။ ဒါရန်ဖြစ်နေတာလား?

အာ~ဒါအရှင်းကြီးကို ကလူနေကြတာပဲ!

"ငါ့ကိုလွှတ်ပေး။ လွှတ်ပေး!"
စုမန်က ရှောင်ယန်ရင်ဘတ်ကို တဒုန်းဒုန်းထုရင်း နူးညံ့စွာအော်တယ်။
"နင်ငါ့ကို စိတ်အနှောင့်အယှက်ပေးခွင့်မရှိဘူး။ နင့်မှာမိန်းမကြီးရှိနေပြီးသားလေ။ ငါဘယ်နည်းနဲ့မှ မယားငယ်အဖြစ်မခံဘူး"

ရှောင်ယန်က စုမန်ခါးကို တင်းနေအောင်ဖက်ပြီး ဆွဲဆောင်ဖို့ပြုံးပြီး အတိအလင်းပြောတယ်။
"ကိုယ်ဘယ်တော့မှ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်နေတာ ရပ်မှာမဟုတ်ဘူး။ မင်းက ကိုယ့်မိန်းမလေ။ ဒီတစ်ဘဝလုံး ကိုယ့်ဆီကနေ ထွက်ပြေးဖို့ ကြိုးစားမနေနဲ့တော့။ ကိုယ့်ကလေးနှစ်ယောက်လုံးတောင် မင်းမွေးပြီးပြီပဲကွာ။ မင်းက ကိုယ့်ကလေးတွေရဲ့ အမေလေ"

"အဲ့လိုဟုတ်လည်း မဟုတ်ဘူး!"
စုမန်က ရှောင်ယန်ရင်ဘတ်ကို ဖွဖွလေးထုလိုက်တယ်။

ရှောင်ယန်က ပြုံးရင်း
"မင်းပြောသလို ဟုတ်တယ်လေ"

အဲ့ဒီနှစ်ယောက်က ဒီနားမှာ ဘယ်သူမှမရှိသလိုပဲ သူတို့အချစ်တွေကို ထုတ်ဖော်ပြသနေကြတယ်။

"အော့. . ."
နဉ်ရှောင် တကယ်ကို ထပ်သည်းမခံနိုင်တော့လို့ အန်ချသလိုလုပ်ပြလိုက်တယ်။ ဖက်နေကြတဲ့အတွဲက သူမကို တန်းလှည့်ကြည့်တယ်။ နဉ်ရှုက လက်လေးခါရင်း ပြောလိုက်တယ်။
"Sorry ငါတကယ်ထိန်းမထားနိုင်လို့။ ငါ့ဘဝမှာ ဒီလောက်ရွံ့စရာကောင်းတာမျိုး တစ်ခါမှမမြင်ဘူးလို့ ငါခနလောက် မခံနိုင်ဖြစ်သွားတယ်။ အဲ့အတွက်တော့ တောင်းပန်ပါတယ်။ နင်တို့ဆက်လုပ်ချင်ရင် တခြားနေရာသွားလုပ်ကြပါ"

သူမရှေ့မှာတော့ ကြောင်တောင်တောင်တွေ လာမလုပ်ကြနဲ့! သူမမျက်လုံးတောင် သွားဆေးပစ်လိုက်ချင်နေတာ တအားပဲ။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now