13.4K 1.4K 14
                                    

Zawgyi Ver

၃။ မီးတွင်းကာလရဲ့သနားစရာဘဝ

ပြီးတဲ့နောက်မှာတော့ နဉ်ရှုက မီးတွင်းကာလ သနားစရာဘဝကို စတင်ရတော့တယ်။ သူမဟာ ရေလည်းမချိုးနိုင်တဲ့အပြင် ခေါင်းလည်းမလျှော်နိုင်ဘူး။ သခင်မကြီးစုက သူ့ကိုသွားတိုက်ခွင့်တောင်မပေးချင်တော့ နဉ်ရှုတကယ်သည်းမခံနိုင်တော့ဘူး။

သူမဆေးရုံတက်နေရတဲ့အချိန်လုံးမှာ ရှောင်မိသားစုက တစ်ယောက်မှ လူနာလာမမေးကြဘူး။ ဘာပဲဖြစ်ဖြစ်လေ သူမက ရှောင်မိသားစုရဲ့ လက်ရှိသခင်မလေးမဟုတ်ဘူးလား? မူလကိုယ်က ရှောင်မိသားစုမှာ လုံးဝမရှိတဲ့သူလို့ ခံစားရတယ်။

ကိစ္စတွေက ဒီလိုဖြစ်နေတာတောင် မူလကိုယ်က မကွာရှင်းချင်သေးဘူးလား။ ကွာရှင်းပစ်လိုက်ပြီး ကိုယ့်ဘဝနဲ့ကိုယ်နေတာက ပိုမကောင်းဘူးလား?

သူတို့ဒီလိုသာဆက်သွားနေရင်တော့ ရှောင်ယန်က စုမန်ကို တရားဝင်ယူဖို့ သူမကိုသတ်ဖို့ကြံတော့မှာ အသေအချာပဲ။ နဉ်ရှု ဒီမူလကိုယ်ဘယ်လိုသေသွားလဲ ပြန်စဉ်းစားကြည့်လိုက်တော့ ရူးကြောင်ကြောင်တွေ မလုပ်ရင် သေမှာမဟုတ်ဘူးပဲ ပြောနိုင်တော့တယ်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ရှောင်လို့မရတဲ့ ကြေကွဲစရာသေလမ်းကို ကိုယ့်ဟာကိုယ်တွန်းပို့တာပဲ။

သခင်မကြီးစုက သူ့သမီးကို ရှောင်မိသားစုက လျစ်လျူရှုတာနဲ့ ပတ်သတ်ပြီး စိတ်မချမ်းမသာဖြစ်နေရတယ်။ တချိန်တည်းမှာပဲ ဆေးရုံမှာနေရင်း တစ်ချက်လေးမှ မညည်းညူပဲ သူ့သမီးကိုစောင့်ရှောက်ပေးနေတယ်။ နဉ်ရှုတောင်မှ အဲ့ဒါကြောင့် ရင်ထဲနည်းနည်းထိသွားသေးတယ်။ မူလကိုယ်က လူတွေ သူ့အပေါ် ဘယ်လောက်ဂရုစိုက်လဲဆိုတာ နည်းနည်းလောက်တော့ တကယ်ပြန်ကြည့်သင့်တယ်။ သူမကို မလိုချင်တဲ့ ယောင်္ကျားတစ်ယောက်အပေါ်မှာ အပင်ပန်းခံပြီး စွဲလမ်းနေရတာလဲ?

သခင်မကြီးစုက သူ့သမီးကို ကြည့်တိုင်း အမြဲစိတ်ဖိစီးနေပုံရတယ်။ ကလေးဆုံးရှုံးသွားတဲ့သူ့သမီးနာကျင်မှုကို မတော်တစထိခိုက်မိပါပင်စိုးတဲ့အလား အစွမ်းကုန်ဂရုစိုက်ပေးနေတယ်။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now