၃၅

10K 1.2K 33
                                    

Unicode Ver

၃၄။ ရှောင်သခင်မကြီးနေရာကိုကမ်းလှမ်းခြင်း 

နဉ်ရှုက သူမရှေ့မှာ ဒူးထောက်နေတဲ့ စုမန်ကို ကြည့်လိုက်တယ်။ စုမန်က အရမ်းခံစားနေရတာကြောင့် နာကျင်မှုအပြည့်နဲ့ ကူကယ်ရာမဲ့နေတဲ့ပုံ ပေါ်နေတယ်။

"စုရန် နင့်ငါ့ကိုမုန်းတာ သိပါတယ်။ ဒါပင်မယ့် အဲ့ဒါကြောင့် ရှောင်ယန်ကို ဘာမှမလုပ်ပါနဲ့။ ငါနင့်ကိုတောင်းပန်ပါတယ်ဟာ။ ကျေးဇူးပြုပြီး ရှောင်ယန်ကို ကယ်ပေးပါ။ နင်သာ သူ့ကိုကယ်ပေးရင် ငါသူ့ရှေ့မှာ ထပ်ပေါ်မလာစေရဘူးလို့ ကျိန်ရဲပါတယ်"
စုမန်က အချစ်အတွက်စတေးခံတဲ့သူပုံစံ လုံးဝပေါက်နေပြီး သူမချစ်ရတဲ့သူအတွက် သူမပဲနာကျင်ရမှာကို သည်းခံပြီး ရွေးချယ်တဲ့ပုံ ပေါ်နေတယ်။

နဉ်ရှု : . . . ပြောစရာစကားမရှိတော့ဘူး။ ငါတကယ် ဘာစကားတစ်လုံးမှ ပြောစရာကိုမရှိတာ!

စုမန်မျက်နှာမှာ မျက်ရည်တသွင်သွင်စီးကျနေပြီး သူမကဆက်ပြောတယ်။
"ရှောင်ယန်ကို ထုတ်ပေးမယ်လို့ နင်ကတိပေးရင် ငါရှောင်ယန်နဲ့ပျက်ပေးပါ့မယ်"

ဒုန်း
ရှောင်သခင်ကြီးကလည်း နဉ်ရှုရှေ့မှာ ဒူးထောက်ချလိုက်တယ်။ သူ့မျက်နှာက အတော်အရှက်ကွဲသွားလို့ ရံှုမဲ့နေပင်မယ့်လည်း သူပြောတယ်။
"ကျေးဇူးပြုပြီး ရှောင်ယန်ကို ထုတ်ပေးပါ။ ထုတ်ပေးခဲ့ရင် နောက်ရှောင်မိသားစုရဲ့ ရှောင်သခင်မကြီး ဖြစ်လာစေရမယ်။ ပြီးတော့ ရှောင်ယန်လည်း မကွာရှင်းစေရဘူး"

စုမန်က ဒါကိုကြားတော့ စိတ်အကြီးအကျယ် ထိခိုက်သွားတဲ့ပုံနဲ့ ကြမ်းပြင်ပေါ်ကို ပုံလဲကျသွားတယ်။

OMG! အခုအချိန်မှာ ရှောင်မိသားစုရဲ့ ရှောင်သခင်မကြီးဖြစ်ရတာ ဘာအကျိုးကျေးဇူးရှိလို့လဲ? အခု ရှောင်မိသားစုက ဆင်းရဲမွဲတေနေရုံတင်မကဘူး ရှောင်ယန်ကလည်း ရာဇဝတ်သားလေ။ ရှောင်မိသားစုတွေတောင် နေစရာနေရာမရှိတာကို ဒီရှောင်မိသားစုရဲ့ ရှောင်သခင်မကြီးနေရာက ဘာများဆွဲဆောင်မှုရှိလို့လဲ? ရှောင်သခင်ကြီးက ဘယ်နှယ့် အခုထိ ယုံကြည်မှုလွန်ကဲနေရတာတုန်း? တခြားသူတွေက သူ့သားကို ဂရုစိုက်သေးတယ် ထင်နေတာလား?

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now