11.7K 1.5K 109
                                    

Zawgyi Ver

၆။ အမကြီးက လူတောင်သတ်ရဲတယ် 

"စုရန် မင်းစဉ်းစားတက်ရင် ပိုကောင်းမယ် ပြီးတော့ စုမန်ကိုလည်း ထပ်မနှောင့်ယှက်နဲ့တော့။ မဟုတ်ရင်တော့ မင်းသေချင်စိတ်ပေါက်လာအောင်ကို လုပ်မယ်လို့ ငါကျိန်ရဲတယ်"
ရှောင်ယန်အမှုအယာက အေးဆက်နေပြီးတော့ မျက်လုံးထဲမှာ မနှစ်သက်မှုတွေ ပြည့်နေတယ်။ သူမကို အန္တရာယ်တွေ့အောင် အရမ်းလုပ်ချင်နေပင်မယ့် သူအကျိုးဆက်ကို စိုးရိမ်နေတဲ့ပုံ ပေါ်နေတယ်။

နဉ်ရှုစောင်ကိုမပြီးထကာ ရှောင်ယန်ဆီ လမ်းလျှောက်သွားလိုက်တယ်။ ရှောင်ယန်က အေးဆက်စွာရယ်ရင်း
"စုရန် မင်းလက်လျှော့သင့်ပြီ။ ငါရွံ့ဖို့ကောင်းတဲ့ မင်းလိုအတုအယောင် မိန်းမမျိုးကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး"

နဉ်ရှု ရှောင်ယန်ဆီလျှောက်သွားရင်း သူကအရပ်ပိုရှည်တာကို သိလိုက်တယ်။ သူ့ကျယ်ဝန်းတဲ့ပုခုံးတဲ့ ကျစ်လစ်နေတဲ့ခါးက ပြီးပြည့်စုံတဲ့ အောက်စိုက်နေတဲ့ တြိဂံပုံအချိုးအစားရှိတယ်။ သူဝတ်ထားတဲ့ ဝတ်စုံကလည်း သူ့ချောမောတဲ့ မျက်နှာကို နှစ်သက်ဖွယ်ဖြစ်စေတယ်။

သူက ချောမောပြီး ပိုက်ဆံအများကြီးလည်း ရှိတယ်။ တစ်ညတည်းနဲ့ ၇ခါလုပ်နိုင်တဲ့ အင်အားပြည့်စွမ်းရည်ရှိတယ်ဆိုတာ ပြောဖို့တောင်မလိုဘူး။ တစ်ကမ္ဘာလုံးက ကောင်းတဲ့အရာတွေအကုန် သူ့ဆီမှာစုနေတယ်။ သူက မိန်းကလေးတွေ စိတ်ကူးယဉ်စရာအကုန် ပိုင်ဆိုင်တယ်။

Fxxk! ဒီလိုရူးတဲ့လူကို နဉ်ရှုတစ်ခါမှ မမြင်ဖူးဘူး။ သူကအရှင်းကြီး ဖောက်ပြန်တဲ့ကိစ္စကို လုပ်တဲ့သူဖြစ်နေတာတောင် အရမ်းကိုယ့်ကျင့်သိက္ခာရှိတဲ့မျက်နှာထားမျိုး ရှိနေသေးတယ်လား? ဒီလူ့ဆီအတွက် တာဝန်ရှိယူမှုဆိုတာက အဖော်တစ်ယောက်နဲ့မိသားစုမှာပဲ ရှိသင့်တယ် နဉ်ရှုတော့ နည်းနည်းလေးတောင် မမြင်မိပါဘူး။ ယောင်္ကျားတစ်ယောက်မှာ ရှိရမယ့် တာဝန်သိစိတ် မရှိဘူးပဲ။ သူ့မိန်းမကို သူ့ချစ်ခရီးလမ်းအတွက် အနှောင့်အယှက်လို ဆက်ဆံနေတာပဲ။

အဆုံးမှာတော့ အရှက်မရှိ ပျော်ရွှင်စွာ နေထိုင်သွားပါတယ်တဲ့လား? အဓိကဇာတ်လိုက်ရဲ့ကမ္ဘာကြီးက တကယ့်ကို သာမန်လူတွေ နားမလည်နိုင်တဲ့တစ်ခုခုပဲ။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now