၂၇

9.4K 1.2K 75
                                    

Unicode Ver

၂၆။ ဒီကမ္ဘာမှာ အချစ်ကလွဲရင် ဘာမှမရှိတော့ဘူးလား? 

ဒီလူတွေ ပါးစပ်ဖွင့်လိုက်တိုင်း အချစ်အကြောင်းပဲ။ ေ×ာက်အချစ်! လို့ပဲ ငါပြောတော့မယ်။ ဒီကမ္ဘာမှာ အချစ်ကလွဲရင် ဘာမှမရှိနိုင်တော့ဘူးလားဟေ? တာဝန်ဝတ္တရားတွေရော မရှိဘူးလား? ငါ့ဒေါသမနည်းထိန်းနေရတယ်။ ငါဒီကိုရောက်လာတည်းက ဒီအရူးတွေနဲ့ပဲ ထိပ်တိုက်တွေ့နေရတယ်။ ဒီအမကြီးက နင်တို့တွေနဲ့ ငြင်းခုန်နေရတာကို စိတ်ကုန်နေပါပြီနော်။ နောက်ကျရင် နင်တို့အကုန်လုံးကို သတ်ပစ်လိုက်ရ!

နဉ်ရှုက ဒေါသထွက်လွန်းလို့ စုလန်ကို ပါးနှစ်ချက်လောက်ဆင့်ရိုက်ပြီးတာနဲ့ ဘေးကိုကန်ထုတ်လိုက်တယ်။ ပြီးတော့ သူမ ရှောင်ယန်ဆီကို လျှောက်သွားလိုက်တယ်။ ရှောင်ယန်က နဉ်ရှုထက် အရပ်ပိုရှည်သလို သူနဲ့ယှဉ်ရင် သူမကပိုနူးညံ့ပုံရတယ်။ ဒါပင်မယ့်လည်း နဉ်ရှုက အရမ်းအေးဆက်နေပြီး သူမမျက်လုံးထဲမှာ လူသတ်ချက်တဲ့ အေးစက်တဲ့ အရိပ်အငွေ့တွေ ပြည့်နေတယ်။

ရှောင်ယန်က သူ့ကိုယ်သူတောင် သတိမထားမိဘဲ နောက်ကို ခြေလှမ်းနည်းနည်းဆုတ်လိုက်ရုံအပြင် ဘာမှမတက်နိုင်ဘူး။ ဒါပင်မယ့် ဒီမိန်းမရှေ့မှာ ကြောက်နေတာကို ပြလို့မဖြစ်မှန်း သူသိသွားပြီး ရင်ဘတ်ကိုဖွင့်ကာ အေးစက်စက်အသံနဲ့
"ကိုယ့်မောင်အရင်းတောင် မင်းက ရက်စက်တယ်လား? ရှောင်မိသားစုမှာ မင်းလိုရွံဖို့ကောင်းတဲ့ မိန်းမမျိုး ရှိနေတာ လုံးဝသည်းမခံနိုင်ဘူး"

နဉ်ရှုက ရှောင်ယန်ကို ခနမော့ကြည့်လိုက်ပြီး ကန်ချလိုက်တယ်။ Systemက သူမတိုက်ရည်ခိုက်ရည်ကို အမှိုက်သာသာလောက် လုပ်ထားပင်မယ့် တစ်ဖက်သူ အကာအကွယ်မဲ့နေရင်တော့ အသုံးဝင်ပါသေးတယ်။

"နင် . . ."
စုမန်က နဉ်ရှုကို လက်ညိုှးထိုးရင်း လန့်လောက်အောင် ရှော့ရသွားတယ်။ နဉ်ရှုက စုမန်ကို အမြန်ပဲ ပါးရိုက်ချလိုက်တယ်။ ပြီးတော့ နောက်တစ်ဖက်နဲ့ နောက်တစ်ချက် ထပ်ရိုက်ပြန်တယ်။ စုမန်မျက်နှာက တန်းဖောင်းယောင်သွားပြီး နဉ်ရှုက ခပ်စိန်းစိန်း စိုက်ကြည့်တယ်။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now