၁၀

10.8K 1.4K 27
                                    

Zawgyi Ver

၁၀။ သားကပင်လယ်စာမှမဟုတ်တာ 

နဉ်ရှုက သူတို့ရဲ့ ပိုလွန်းတဲ့ ချစ်ခြင်းမေတ္တာတွေလုပ်ပြနေတာကို ဂရုမစိုက်ဘဲ သူမအိပ်ခန်းဆီသို့သာ ဦးတည်သွားလိုက်တယ်။ ပြီးတော့ သူမမှန်တင်ခုံအံဆွဲထဲက ရတနာပစ္စည်းတွေနဲ့ အခန်းထဲက ဈေးအကြီးဆုံးပစ္စည်းတွေကို စထုပ်ပိုးတော့တယ်။

ပစ္စည်းအများစုက မူလကိုယ်ဘက်ကပေးရတဲ့ လက်ဖွဲ့တွေဖြစ်တာကြောင့် ဒါတွေက အရမ်းတန်ဖိုးကြီးတယ်။ မူလဇာတ်ကြောင်းထဲမှာ စုမိသားစုပြိုလဲကျတော့ ရှောင်ယန်က မူလကိုယ်ရဲ့ပစ္စည်းအများစုကို စုမန်ကို လက်ဆောင်ပေးခဲ့ပြီးတော့ ဒီပစ္စည်းတွေကို ပိုင်ဆိုင်ရမယ့်သူက ပထမနေရာမှာ စုမန်ကသာရှိသင့်တယ်လို့ ကြေညာခဲ့တယ်။

ဒါအရမ်းအရှက်မရှိတာပဲ!

နဉ်ရှုက ရတနာပစ္စည်းတွေနဲ့ အရေးကြီးStockစာချုပ်တချို့ကို သူမအိတ်ထဲထည့်လိုက်ပြီးတော့ ဘဏ်မှာ လုံခြုံရတဲ့အာမခံသွားဖွင့်ဖို့ ပြင်ဆင်တော့တယ်။ ဒီစက်ဆုပ်စရာကောင်းတဲ့အတွဲကို မူလကိုယ်က လုံးဝကိုထောက်ပံ့ဖို့မထားခဲ့ချင်တာ ပြောစရာတောင်မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဉ်ရှုလို အပြင်လူကတောင် ဒါကလက်မခံစရာ ရွံစရာမှန်းသိတယ်။

ဒီကမ္ဘာမှာ ဒီလိုအရှက်မရှိတဲ့လူတွေ တကယ်ရှိနေတာက ပန်းကန်ပြားပျံကို မြင်နေရသလိုပဲ တကယ့်ကို ပြောပြဖို့ခက်တယ်။

နဉ်ရှုအိတ်နဲ့အောက်ထပ်ကို ပြန်ဆင်းလာတော့ စုတပေါင်နဲ့စုရှောင်ပေါင်လုပ်ထားတဲ့ ပျော်ရွှင်စရာအခြေအနေလေးက ထပ်အေးခဲသွားပြန်တယ်။

နဉ်ရှုက သူမကိုယ်သူမ နေရထိုင်ရခက်တဲ့ တိတ်ဆိတ်မှုဘုရင်ကြီးလို ခံစားရတယ်။

သူမတံခါးကိုရောက်တဲ့အခါမှာ သူမဧည့်ခန်းထဲကလူတွေကိုလှည့်ကြည့်ကာ ပြောတယ်။
"ကျွန်မနေ့လည်စာစားဖို့ပြန်လာခဲ့မယ်။ ချန်ထားဖို့မမေ့နဲ့ဦး။ ကျွန်မ ဒီနေ့လည်မှာ ပင်လယ်စာစားချင်တယ်။ မီးဖိုဆောင်ကိုချန်ထားဖို့ ပြောဖို့မမေ့နဲ့။ သူတို့ချန်ထားဖို့သေချာအောင်လုပ်ပေးရမယ်။ ကျွန်မက မီးတွင်းထဲမှာဆိုတော့ အာဟာရပြည့်ဖို့လိုတယ်"

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now