11.6K 1.4K 18
                                    

Zawgyi Ver

၈။ သူမဘဝအတွက်စစိုးရိမ်ရမယ် 

နဉ်ရှုဖုန်းကိုရတာနဲ့ ဆရာဝန်နဲ့ သူနာပြုတွေက ရောက်လာကြတယ်။ တံခါးမှာရပ်နေတဲ့ ဖောင်းယောင်နေတဲ့မျက်နှာနဲ့ နာကျင်စွာ ဒူးကွေးထားတဲ့ ရှောင်ယန်ကို မြင်တဲ့အခါ သူကန့်ကွက်နေတာတွေကို ဂရုမထားဘဲ ခွဲစိတ်ခန်းခေါ်သွားပေးမယ်ပြောရင်း ကုတင်ပေါ်အားသုံးတက်ခိုင်းတယ်။

ရှောင်ယန်က သူ့ယောင်္ကျားအင်္ဂါဖယ်ပြီးရင် စုမန်ဆက်ကြိုက်ဦးမလားဆိုတာ နဉ်ရှု ဖျက်လိုဖျက်ဆီးသိချင်သား။ ပြီးနောက်မှာတော့ သူမနည်းနည်းသနားသွားတယ်။ တကယ်လို့ သူမသာ သာမန်မဟုတ်တဲ့ ကိုယ်ခံပညာတွေ ဒီကမ္ဘာကိုပါလာရင်၊ တကယ်လို့ သူမအားသာ ပိုပြင်းမယ်ဆိုရင် တစ်ချက်တည်းကန်ရုံနဲ့ ကျိုးနေလောက်ပြီ။ ပါးတစ်ချက်ရိုက်ရုံကလည်း လုံလုံလောက်ဘောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေလိမ့်မယ်။

ဒီကမ္ဘာကိုရောက်ပြီးတည်းက နည်းနည်းသက်သာလာတာနဲ့ သာမန်မဟုတ်တဲ့ ကိုယ်ခံပညာတွေကို စမ်းကျင့်ပြီးပင်မယ့် အဆင်မပြေဘူး။ ကမ္ဘာတိုင်းမှာ သူ့စည်းနဲ့သူရှိနေလောက်တယ်။ ဒီကမ္ဘာမှာ လူတစ်ယောက်က ခေါင်မိုးတစ်ခုကနေတစ်ခု ခုန်ကူးတာတို့ နံရံကိုဖက်တက်တာတို့က နည်းပညာအရ မဖြစ်နိုင်ဘူး။ ပြီးတော့လည်း ဒီကမ္ဘာမှာ ကျင့်ကြံဖို့ စိတ်စွမ်းအင်တွေ အလုံအလောက်မရှိဘူး။

"ရန်"
သခင်မကြီးစုက နဉ်ရှုကို စိတ်ပူစွာ ကြည့်တယ်။
"သမီးဒီလိုလုပ်လိုက်ရင် ရှောင်ယန်က သမီးကို ပိုမမုန်းဘူးလား? သမီးရှောင်ယန်ကို ဟိုဟာမ စုမန်ဆီကို တွန်းပို့မလို့လား"

"စိတ်မပူပါနဲ့ အမေရယ်။ သမီးဘာလုပ်နေလဲ သမီးသေချာသိပါတယ်"
နဉ်ရှုစိတ်ထဲက ကျိတ်ရယ်လိုက်တယ်။ သူမက ရှောင်ယန်ကို ချစ်အောင်လုပ်နေတာမှ မဟုတ်တာ။ ပြီးတော့လည်း မူလကိုယ်က ရှောင်ယန်ကို ပြန်လာဖို့မှ မတောင်းဆိုခဲ့တာ။ ဒါကြောင့်မလို့ ဒီလိုစော်ကားခံရမှုတွေကို ငြိမ်ခံနေစရာ အကြောင်းမှမရှိတာ။

သခင်မကြီးစုက နဉ်ရှုတည်ငြိမ်နေပြီး နာကျင်ရလွန်းလို့ ရူးသွားတဲ့လက္ခဏာမတွေ့ရတော့ သူမပြောတယ်။
"ကောင်းကောင်းဆိုးဆိုး အကျိုးဆက်တော့ သတိထားမှပေါ့။ သမီးယောက္ခထီးနဲ့ ယောက္ခမက ရှောင်ယန်ကို သမီးဒီလိုလုပ်လိုက်လို့ ကြိုက်မယ်မထင်ဘူး"

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now