၄၁

22.7K 1.4K 72
                                    

Unicode Ver

စုရှောင်ပေါင်က ဌားရန်းထားတဲ့ ညစ်ပတ်တဲ့အခန်းဝလေးမှာ ထိုင်နေတယ်။ သူမမျက်နှာက ညစ်ပတ်ပေရေနေပြီး အရင်တုန်းကလို အပြစ်ကင်းဖြူစင်တဲ့ပုံ လုံးဝမပေါက်တော့ဘူး။ မောဟအပြည့် အမောတကော ညည်းညူသံတွေက တံခါးကနေ ကြားနေရတယ်။

မကြာခင်မှာပဲ လူဝကြီးတစ်ယောက် ထွက်လာတယ်။ ထွက်သွားတာတောင် စုရှောင်ပေါင်ကို နှာအကြည့်တွေနဲ့ ကြည့်သွားသေးတယ်။ စုရှောင်ပေါင်က ထူးဆန်းတဲ့အနံ့အသက်တွေ ရှိနေသေးတဲ့ အခန်းထဲကို ဝင်သွားတယ်။ စုမန်က ရှက်သွေးဖြန်းနေတဲ့မျက်နှာနဲ့ အိပ်ရာပေါ်မှာ လှဲနေတယ်။ စုရှောင်ပေါင်ဝင်လာတော့ စုရှောင်ပေါင်ကို ဒီနေ့စားဖို့ပိုက်ဆံဆိုပြီး ပေးလိုက်တယ်။ စုရှောင်ပေါင်က ပိုက်ဆံကို ခံစားချက်မဲ့စွာ ယူလိုက်တယ်။

မူလဇာတ်ကြောင်းထဲက စုရန်လိုမျိုး စုမန်က သူမခန္တာကိုယ်ကို ရောင်းစားကာ အသက်ရှင်သွားမှန်းသိလိုက်ရတော့ နဉ်ရှုတောင် နည်းနည်းကြောင်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စုမန်နဲ့ စုရန်တို့က ချမ်းသာတဲ့မိသားစုက အလိုလိုက်ခံထားရတဲ့ သမီးမိန်းကလေးတွေဆိုတော့ သူတို့မှာ ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တဲ့ အရည်အချင်း တကယ်ကို မရှိကြဘူး။ စုမန်က ကံကောင်းပြီး ဇာတ်လိုက်မဖြစ်တော့ အင်အားရှိတဲ့ယောကျၤားတွေက ဘဝရဲ့အခက်အခဲတွေကနေ ကာကွယ်ပေးတယ်။

စုမန်ရဲ့ ဇာတ်ရုပ်ကို နူးညံ့ပြီး အပြစ်ကင်းတဲ့သူအဖြစ် ရေးသားထားတယ်။ သူမက ရက်စက်တဲ့ တကယ့်လောကကြီးအလယ်မှာ ကလေးသာသာပဲရှိတယ်။ ဒါပင်မယ့်လည်း အခုသူမရှင်သန်နိုင်ဖို့အတွက် တချို့အရာတွေကို စတေးဖို့ ရွေးချယ်လိုက်ရတယ်။

နဉ်ရှုတောင် ဘာအကွက်မှ မရွှေ့လိုက်ရဘူး။ သူမက ဒီအခြေအနေအထိတောင် ရောက်သွားပြီ။ သူ့ကိုယ်သူ ဒီလိုဆွဲချတဲ့နေရာမှာတော့ အတော်လေးတော်သားပဲ။

စုသခင်မကြီးက စုလန်ကို နဉ်ရှုဆီမှာ တောင်းပန်ဖို့ ခေါ်လာတယ်။ စုလန်က ခေါင်းမာစွာ ခေါင်းကိုမော့ထားတာကို နဉ်ရှုမြင်တော့ သူ့ကိုလျစ်လျူရှုထားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ စုလန်က ကြော့ရှင်းနေတဲ့ သူဌေးသားလေးပုံ မပေါက်တော့ဘူး။ သူအရောင်အဝါတွေက မှေးမှိန်သွားပြီ။ မိသားစုအခြေအနေ ပြောင်းသွားတာက သူ့ဘဝပေါ်မှာ သက်ရောက်ပုံရတယ်။ နဉ်ရှုက ခပ်ငေါ့ငေါ့ပြန်ရယ်ပြလိုက်တယ်။ ပြီးတော့မှ စုသခင်မကြီးကို ငွေတွေအများကြီး ဘယ်သူမှမသိအောင် လျှိုပေးလိုက်တယ်။ လက်ရှိမှာ စုမိသားစုက ချမ်းသာတဲ့အဆင့်တောင် မရှိတော့ဘူး။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now