၃၁

9.3K 1.1K 14
                                    

Unicode Ver

၃၀။ ထမင်းချက်က မင်းကိုမုန်းလို့ 

ရှောင်ယန်နဲ့ ကလေးနှစ်ယောက်က ရှောင်မိသားစုကို ရောက်တဲ့အချိန်မှာ နဉ်ရှုဝင်လာတာ မြင်လိုက်ရတော့ သူတို့တောင့်ခနဲဖြစ်သွားကြပြီး မယုံကြည်နိုင်တဲ့ မျက်နှာပေးဖြစ်သွားကြတယ်။

ရှောင်ယန်က လူကြီးဆိုတော့ မကျေနပ်မှုကို ထိန်းလိုက်နိုင်ပင်မယ့် ကလေးနှစ်ယောက်က ဝမ်းနည်းစွာ နှုတ်ခမ်းဆူပြီး မျက်ရည်တွေဝဲလာတယ်။ စုရှောင်ပေါင်က မထိန်းနိုင်တော့ဘဲ ဝါးခနဲ ငိုချလိုက်တယ်။ ရှောင်ပေါင်က ဒေါသထွက်နေပုံရတယ်။ သူမက မျက်ရည်တွေသုတ်ရင်း နဉ်ရှုကို စိတ်ပျက်မှုတွေ ဒေါသတွေအပြည့်နဲ့ ကြည့်နေတယ်။

နဉ်ရှုက မျက်ခုံးပင့်မိသွားတယ်။
ဘာလဲ? ငါမသေဘဲ လုံးဝအကောင်းကြီး ဖြစ်နေတာ မြင်ရလို့ စိတ်ပျက်နေတာလား?

ရှောင်သခင်ကြီးနဲ့ သခင်မကြီးကတော့ သူတို့အဖိုးတန်ကလေးတွေ တွေ့တာနဲ့ တန်းပြုံးနေတာပဲ။ သူတို့က သေလောက်အောင် လွမ်းနေတာ ၊ လွမ်းလွန်းလို့ ရင်ဘတ်တွေတောင်အောင့်တယ် ဆိုတဲ့ အပိုတွေပဲ ထပ်တလဲလဲပြောနေကြတယ်။

ကလေးတွေရောက်တာနဲ့ ရှောင်အိမ်ထဲက ပြင်းထန်နေတဲ့ အခြေအနေ မရှိတော့ဘူး။ စုရှောင်ပေါင်က ရှောင်ဖိုးဖိုးဖွားဖွားတွေကို ချစ်စဖွယ်လုပ်ပြပြီး နဉ်ရှုကို ခါးသီးစွာ ကြည့်နေပြန်တယ်။

နဉ်ရှုက ရှောင်ယန့်အကြည့်နဲ့ စုံမိတော့ ရှောင်ယန်က ရေခဲရေတစ်ပုံးလောင်းခံရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးအေးစက်သွားတယ်။ ဒါက သူတွေးနေသမျှ သိသွားခံသလို ခံစားချက်မျိုးကြီးပဲ။ ဒါကသူ့ကို အရှက်ကွဲခံလိုက်ရတဲ့အသိကနေ ဒေါသထွက်လာစေတယ်။
"ရွံဖို့ကောင်းတဲ့မိန်းမ! အခုမင်းဘာလုပ်ထားပြန်ပြီလဲ?"
ရှောင်ယန်က အော်ငေါက်လိုက်တယ်။ နဉ်ရှုက သူ့ကိုရိုးရိုးလေးပဲ အေးတိအေးစက်ကြည့်ကာ ရှေ့ကိုလျှောက်လိုက်ရုံနဲ့ ရှောင်ယန်က နောက်ကိုဆုတ်သွားတယ်။ သူ့ကိုယ်သူ ဒီမုန်းဖို့ကောင်းတဲ့ အတုအယောင်မိန်းမကို ကြောက်နေမှန်း သိလိုက်တာနဲ့ တန်းအော်ပြန်တယ်။
"မင်း . . ."

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now