၂၀

9.8K 1.2K 20
                                    

Zawgyi Ver

၂၀။ သူတို့ကို မှတ်အောင်လုပ်မယ် 

သူမရှေ့မှာ ထိုင်နေတဲ့သူက ဇာတ်ပို့ကောင်ပဲ ဖြစ်တယ်။ သူက အရမ်း အထက်တန်းစားဆန်ပြီးတော့ အသွေးအသားထဲကနေ ထွက်လာတဲ့ နွေးထွေးတဲ့ ကျက်သရေရှိတဲ့ အရှိန်အဝါထွက်နေတယ်။ နဉ်ရှုအတွက် သူ့နဖူးပေါ်မှာ "နူးညံ့သိမ်မွေ့တဲ့ ဇာတ်ပို့ကောင်" လို့ ရွှေစာလုံးနဲ့ ရေးထားတာ မြင်ရသလိုပဲ။

ဒီလိုခေတ်နဲ့ ဒီအသက်လောက်မှာ ဒီလိုအပြစ်အနာအဆာကင်းတဲ့သူက ဇာတ်လိုက်ဖြစ်လာရမှာ။ ရှောင်ယန်က အရမ်းသာလွန်နေလို့သာ ဇာတ်လိုက်ဖြစ်လာတာ။ လီရှုဝန်ကတော့ ဇာတ်ပို့နေရာ ဖြစ်သွားရတာပေါ့။

ရည်မွန်တယ်။ နွေးထွေးတယ်။ လူကြီးလူကောင်းဆန်တယ်။ ဒါတွေက ယောင်္ကျားလေးတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေပဲ။ ဒါပင်မယ့် ကြောက်ဖို့ကောင်းတဲ့ မျက်လုံးတွေကြောင့် ရှောင်ယန်လို အရူးကို စိတ်ကူးယဉ်ကြိုက်ရတယ်လို့။ လီရှုဝမ်က ငွေရောင်ဝတ်စုံကို ဝတ်ထားပြီး လှပတဲ့ ပန်းချီကားအလား နဉ်ရှုရှေ့မှာ ထိုင်နေတယ်။

ဘာလို့ ဇာတ်လိုက်ရော ဇာတ်ပို့ရောက ဇာတ်လိုက်မတစ်ယောက်တည်းကို ကြိုက်ရတဲ့အထိ မျက်စိမကောင်းကြတာလဲ? ယောင်္ကျားတွေက ခပ်တုံးတုံးခပ်အအ မိန်းမတွေကို ကြိုက်လို့များလား? ဇာတ်လိုက်မနောက်ကိုလိုက်ပြီး သူလုပ်သမျှ အရှုပ်တွေကို ရှင်းပေးရတာ သဘောကျလို့များလား?

"မင်းက?"
လီရှုဝမ်က နဉ်ရှုကို ကြည့်လိုက်တယ်။ သူ့အသံက ရေလိုတည်ငြိမ်ပြီး ကြားရတာသာယာနာပျော်ဖွယ်ရှိတယ်။

နဉ်ရှုက သူမသိစရာအကြောင်း မရှိဘူးလို့ ခံစားလိုက်ရတယ်။ သူမက ဇာတ်လိုက်မ samaရဲ့ လင်လုဖက်နဲ့ ရှောင်ယန်က သူ့ရဲ့မယားလုဖက်လေ။ သူမက ဘယ်သူလဲဆိုတာ သူသတိမထားမိစရာ အကြောင်း မရှိဘူး။

ဘာလို့ သရုပ်ဆောင်နေတာလဲ? ငါတို့နှစ်ယောက်လုံးက ကံမကောင်းစွာ တော်လှန်ရေးလုပ်ရင်းက နယ်ရုပ်ဖြစ်သွားတဲ့ ရဲဘော်ရဲဖက်တွေပဲဟာ။

နဉ်ရှုက လည်ချောင်းရှင်းကာ လုပ်ချောင်းဆိုးလိုက်တယ်။ ပြီးတော့ တည့်တည့်ပဲ ပြောလိုက်တယ်။
"ကျွန်မက ရှောင်ယန်မိန်းမ။ နဉ် . . . စုရန်! စုရန်"

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now