၂၃

9.8K 1.2K 6
                                    

Unicode Ver

၂၂။ နောက်ဆုံး သည်းခံနိုင်ရည် ကျော်သွားခြင်း 

စုမန်နဲ့ ရှောင်ယန်ရဲ့ ခံစားချက်တွေက မြန်မြန်ဆန်ဆန်ပဲ သွေးဆူလာပြီးတော့ နောက်ဆုံးသည်းခံနိုင်ရည်ကျော်သွားကာ အချစ်မှာ အတူတကွ ကျဆုံးသွားကြတယ်။ အဲ့ဒီအချိန်မှာ နဉ်ရှုဆိုတဲ့ ဒီတရားဝင်ဇနီးသည်လေးကတော့ သူမစကားပြောမှ ပဲ့တင်သံပြန်ထွက်လာတဲ့ အိမ်အကြီးကြီးမှာ သူမဟာသူမနေထိုင်နေပါတယ်။

နဉ်ရှုအတွက်ကတော့ ဒါကအတော်အဆင်ပြေပါတယ်။ ဟိုနှစ်ယောက် သူမရှေ့မှာ လာမလုပ်ရင် သူမမသိသလိုနေပေးရတယ်။ လီရှုဝမ်ရဲ့ မည်းသည်းနေတဲ့မျက်နှာကိုမြင်တော့ သူမတကယ်အားရမိတယ်။

နဉ်ရှုက အရင်က ဘဝနှစ်ခုပဲ အတွေ့အကြုံရှိသေးတယ်။ ပထမဘဝတုံးက ကံကောင်းပြီး မျိုးရိုးဗီဇလေ့လာတဲ့ ဆရာဝန်ဦးလေးကြီးလို ဆိုက်ကိုကောင်နဲ့ တွေ့ရဖို့ စီစဉ်နိုင်ခဲ့တယ်။ ဒုတိယဘဝမှာလည်း မင်းသမီးဆိုတဲ့ အဆင့်အတန်းနဲ့ ပြသနာတိုင်းကို ကြာပွတ်သုံး ရှင်းရခဲ့တယ်။

နဉ်ရှုက Trade warကို ကြုံခဲ့ဖူးတာကြောင့် ရှောင်မိသားစုကို ဒါမှာပျက်စီးအောင် လုပ်မယ်။ သူမက သင်ယူရသမျှ အခွင့်အရေးတိုင်းကို အကျိုးအမြတ်ရအောင် ယူတယ်။

(🍯: Trade warဆိုတာက 2018တုန်းက  အမေရိကန်နဲ့ တရုတ်ကြားက ဒေါ်လာဈေးတွေ ထိုးတက်သွားစေတဲ့ စီးပွားရေးပဠိပက္ခလိုမျိုးပါ။)

တကယ်လို့ သူမသာ ကိုယ်တိုင် စီးပွားရေးကောင်းကောင်းလုပ်တက်ရင် ဟိုငတုံးဇာတ်ပို့ကောင်နဲ့ ဒုက္ခခံပြီး သွားပူးပေါင်းနေစရာမလိုဘူး။ ဒါကြောင့် နဉ်ရှုက သေချာလေ့လာမိခဲ့သင့်တယ်လို့ ခံစားနေရတယ်။

လီရှုဝမ်က နဉ်ရှုကို တွေ့ရတာ စိတ်မချမ်းသာဘူး။ သူမလုံးဝစိတ်စားပုံမရတော့ သူပဲနောက်ဆုံးမနေနိုင်ဘဲ မေးရတော့တယ်။
"အမယောကျၤားဖောက်ပြန်နေတာ ဘာလို့ဘာမှမလုပ်တာလဲ?"

နဉ်ရှုက သူ့ကို မယုံကြည်နိုင်စွာ ကြည့်မိတယ်။ နင်ကြိုက်တဲ့သူက တခြားသူအိပ်တာ ငါ့လာစိတ်တိုနေတော့ ဘာအသုံးဝင်လို့လဲ?

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now