၁၅

10.2K 1.2K 111
                                    

Zawgyi Ver

၁၅။ မင်းကိုယ့်ကို လုံးဝလက်ခံတဲ့အချိန်အထိ ကိုယ်စောင့်နေမယ်

နဉ်ရှုက စတော့လက်မှတ်တွေအကုန် ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုင်တွယ်လို့ရတဲ့ ပိုက်ဆံကပဲ အစစ်အမှန်မလို့လေ။

ဒီအချိန်မှာတော့ ဥက္ကဋ္ဌsamaက သူ့ယောင်ကိုင်းနေတဲ့မျက်နှာနဲ့ စုမန်ကိုသွားတွေ့တယ်။ စုမန်ကတော့ သူ့ကိုလုံးဝမမှတ်မိဘဲ အကူအညီအော်ဟစ်တောင်းနေလေရဲ့။

ရှောင်ယန်က သူ့ကြည့်ကောင်းပြီး ကြောက်ဖို့ကောင်းတဲ့ အကြည့်ကိုသုံးလိုက်ရပြီး ကိုးရိုးကားယား မရှင်းမလင်းအသံမျိုးနဲ့
"ကိုယ်လေ ရှောင်ယန်ပါ"

စုမန်က ခနလောက်ကြောင်သွားတယ်။ ပြီးတော့မှ စိတ်ပူတဲ့ပုံစံလေးနဲ့
"ဘာဖြစ်လာတာလဲ?"

ရှောင်ယန်က ကြည့်ကောင်းတဲ့အပြုံးပြုံးဖို့လုပ်ပင်မယ့် သူ့ယောင်ကိုင်းနေတာကို စွသလိုဖြစ်သွားတော့ မဲ့ရွဲ့သွားတယ်။ သူစကားပြောနိုင်တော့ခါမှ
"မင်းကိုယ့်ကို စိတ်ပူနေတာလား?"

"ဟွန့်"
စုမန် နူးညံ့စွာ ဟွန့်ခနဲလုပ်ကာ ခေါင်းကိုတစ်ဖက်လှည့်ပစ်လိုက်တယ်။
"ငါတို့ကြားမှာ ဘာဆက်ဆံရေးမှမရှိတာ ဘာလို့နင့်ကိုငါက စိတ်ပူရမှာလဲ? ဟွန့်! ငါနင့်ကိုမမြင်ချင်လို့ ထွက်သွားလိုက်တော့"

ရှောင်ယန်မျက်လုံးထဲမှာ ကြည်နူးမှုတွေနဲ့
"မင်းကိုယ့်ကိုစိတ်ပူနေတယ်ဆိုတာ သိပါတယ်ကွာ။ ဒါဘာရှက်စရာလိုလို့လဲ?"

"နင့်မှာ နင့်ကိုစိတ်ပူပေးမယ့် မိန်းမရှိသားပဲ။ ဘာဖြစ်လို့ ငါ့ဆီလာတာလဲ?"
စုမန်က နှုတ်ခမ်းလေးဆူလိုက်တယ်။ သူမရဲ့ ပန်းရောင်နှုတ်ခမ်းလေး ဆူသွားတဲ့ ပုံရိပ်က ရှောင်ယန်ကို ဂလုခနဲဖြစ်သွားစေတယ်။

"အဲ့ဒီမိန်းမယုတ်အကြောင်း ကိုယ့်ရှေ့မှာလာမပြောနဲ့။ ကိုယ့်မျက်နှာက ဒဏ်ရာတွေအကုန်လုံးက အဲ့ဟာမကြောင့်!"
ရှောင်ယန်က အံကြိတ်ကာပြောတယ်။ သူလေသံမှာ မုန်းတီးမှုတွေ အပြည့်ပဲ။

စုမန်က အံ့သြတကြီး သူ့ပါးစပ်လေးကို အုပ်လိုက်တယ်။ ပြီးတော့ ရှောင်ယန်ကိုကြည့်နေတဲ့ သူမရဲ့မက်မွန်သီးလို မျက်လုံးတွေက ဝိုင်းကနဲပဲ။ ရှောင်ယန်က သူမရဲ့ဒီလိုတုံပြန်မှုကြောင့် ပိုပျော်သွားတယ်။

တရားဝင်ဇနီးသည်/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now