၂၈

9.1K 1.1K 50
                                    

Unicode Ver

၂၇။ ကွာရှင်းမပေးရင်တော့. . . 

စုမိသားစုက ဝက်တစ်ကောင်လို ဖောင်းပွနေတဲ့ မျက်နှာနဲ့ စုလန်နဲ့အတူ ပြန်သွားကြတယ်။ စုပေါရဲ့မျက်နှာက အရမ်းအေးစက်နေတယ်။ ခုနက အဖြစ်အပျက်က မိသားစုနှစ်စုကြားက ဆက်ဆံရေးကို ပိုဆိုးသွားစေတယ်။ ဒါကြောင့် စုမိသားစုရဲ့ စီးပွားရေးအကျမှာ မုန်တိုင်းပါမိနေပြီ။ စုသခင်မကြီးကတော့ နဉ်ရှုကို စိုးရိမ်တကြီးကြည့်ပြန်သွားတယ်။

ရှောင်သခင်ကြီးနဲ့ သခင်မကြီးက နဉ်ရှုကို တစ်ချက်လှမ်းကြည့်တယ်။ ပြီးတော့ ကလေးတွေထွက်သွားတဲ့ဘက်ကို ဝမ်းနည်းစွာ မျှော်ကြည့်တယ်။

နဉ်ရှုကတော့ ကလေးနှစ်ယောက်က သူမကို မုန်းတီးစွာကြည့်ပြီးပြန်သွားတာကို ဂရုတောင်မစိုက်ဘူး။

တစ်ဖက်မှာတော့ ရှောင်ယန်က စုမန်နဲ့ ကလေးတွေနဲ့အတူ စုမန်တိုက်ခန်းလေးကို ပြန်သွားကြတယ်။ တိုက်ခန်းထဲဝင်တာနဲ့ ကလေးနှစ်ယောက်က သူ့ခြေထောက်ဖက်ပြီး ငိုကြတယ်။

ရှောင်ယန့်အတွက် ကလေးနှစ်ယောက် အသေငိုတာကို ပထမဆုံးမြင်ဖူးတာပဲ။ ကလေးနှစ်ယောက်က အရမ်းရင့်ကျက်ပြီး သိတက်ကြတော့ ကလေးတွေ ဒီလောက် ငိုနေတာမြင်ရတာ သူ့ရင်တွေအောင့်တယ်။ သူမြန်မြန်ပဲပွေ့ချီပြီး ချော့လိုက်တယ်။

နောက်စုမန်က ဆိုဖာပေါ်မှာ မျက်နှာကိုအုပ်ပြီးထိုင်နေတာကိုတွေ့တော့ သူသွားဖက်တယ်။ သူမမျက်နှာလေးကို ငြင်သာစွာ ပွတ်သတ်နေရင်းနဲ့ သူသွားကြိတ်ရင်း
"စိတ်မပူပါနဲ့။ ကိုယ်မင်းအတွက် လက်စားချေပေးမယ်။ စုရန်က ကိုယ့်ကိုနှိပ်ဆက်တာ များနေပြီ။ ဒီတစ်ခါတော့ ဒီတိုင်းကျော်မပေးနိုင်ဘူး"

ကလေးနှစ်ယောက်က ရှောင်ယန်နားမှာ ကပ်နေတယ်။ စုတပေါင်က မျက်ရည်တွေကိုသုတ်ပြီး မေးတယ်။
"ဖေဖေ ဟိုမိန်းမကြီးက မေမေ့ကို ဆက်အနိုင်ကျင့်ဦးမှာလား?"

"စိတ်မပူနဲ့တော့။ ဒီလိုထပ်မဖြစ်ရတော့ဘူး"
ရှောင်ယန်က စုတပေါင်ခေါင်းကို ပွတ်ကာ မည်းသည်းနေတဲ့မျက်နှာနဲ့
"နောက်တစ်ခါဆိုတာ ရှိလာမှာမဟုတ်တော့ဘူး။ ဟိုရွံ့ဖို့ကောင်းတဲ့မိန်းမ စုရန် လုံးဝပျောက်ကွယ်သွားစေရမယ်"
ဒီမိန်းမက ကောင်းကောင်းမွန်မွန် ရည်ရွယ်ထားတာကိုမှ အသိအမှတ်မပြုတာ။ တကယ်လို့ သူကွာရှင်းမပေးနိုင်ရင် သေရုံပဲရှိတယ်။

တရားဝင္ဇနီးသည္/တရားဝင်ဇနီးသည် (Realm~3)Where stories live. Discover now