Chapter ~ 1

90K 4K 207
                                    

[Zawgyi]

တိုက်ဆိုင်မှု ...??? ။

သူ တိုက်ဆိုင်မှုဆိုတဲ့အရာကို အယုံအကြည်မရှိဘူး ...။ လူတိုင်းက မွေးကတည်းက သေတဲ့အထိ သူတို့ကြုံတွေ့ရမဲ့ကံကြမ္မာကို သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာစာအုပ်မှာ ရေးသားခြင်းခံထားရပြီးသားလို့ သူလက်ခံထားတယ် ...။

မကြုံချင်လို့မရဘူး ... မတွေ့ချင်လို့မရဘူး ... ရှောင်လွှဲလို့လဲမရနိုင်ဘူး ...။

တံခါးပွင့်ပွင့်ချင်း တွေ့လိုက်ရတဲ့မျက်နှာကြောင့် ... ခွန်းစစ်မင်း စိတ်အလိုမကျဖြစ်သွားရတယ် ...။ ဟိုဘက်က သူ့ကိုမြင်မြင်ချင်း 'တိုက်ဆိုင်လိုက်တာ' လို့ ပါးစပ်ကထွက်လာပေမဲ့ ... ထိုသူရဲ့ မျက်နှာအမူအရာကြောင့် ... တမင်ပြောနေတာမှန်း သူသိတယ် ...။

( ဘာလို့လဲ...ဘာလို့ ငါမပါတ်သတ်ချင်တဲ့သူနဲ့မှ...)

စိတ်ထဲမှာပဲ အသံတိတ်ညည်းညူလိုက်ပြီးနောက် ... သူတစ်ခါတစ်လေ ခပ်ညစ်ညစ်တွေးမိတတ်တဲ့ အတွေးတစ်ခုက ခေါင်းထဲဝင်လာတယ် ...။ ကံကြမ္မာဆိုတာက လူတွေရဲ့ 'life' ကို တက် 'rape' နေတဲ့အရာတစ်ခုပဲ ...။

ခင်များက ကံစီမံရာအတိုင်းလက်မခံနိုင်လို့ လမ်းကြောင်းကိုသွေဖယ်ဖို့ကြိုးစားမယ်ဆိုပါစို့ ...။ ဒါက ခုခံတွန်းလှန်ရာကျသွားပြီ ...။ ဒါပေမဲ့ ခင်များဘက်က အောင်မြင်နိုင်ချေက ၅၀-၅၀ ပဲ ...။ အခန့်မသင့်ရင် ကိုယ်ပါထိခိုက်ရအုံးမယ် ...။ ဒါကြောင့် ... ခင်များဆန္ဒမပါပေမဲ့လဲ ... အချို့သောကိစ္စတွေကိုတော့ လက်ခံလိုက်ရတတ်တယ်...။

ဆိုတော့ ... သူလှည့်ပြန်သွားသင့်လား ဝင်သွားသင့်လား ဇဝေဇဝါဖြစ်နေမိတယ် ...။

" မင်းဒီနေ့ ဝင်အုံးမှာလား ..."

တစ်ဖက်ကပြောလာသူကို ခွန်းစစ်မင်း ခပ်အေးအေးပဲပြန်ကြည့်လိုက်တယ် ...။ အဲ့နောက် သက်ပြင်းတစ်ချက်ချရင်း ... တံခါးဘောင်ကိုမှီပြီးရပ်နေတဲ့ ထိုပြုံးစစနဲ့ငနဲကို တွန်းဖယ်ပြီး အထဲဝင်လိုက်တယ် ...။

အိမ်ထဲရောက်တော့လဲ ... ထိုင်လိုက်တာနဲ့ သူ့တင်ပါးလေးပွန်းပဲ့သွားမည့်အတိုင်း ထိုင်ခုံတွေကိုလစ်လျူရှုပြီး မတ်တပ်ရပ်နေတဲ့ ခွန်းစစ်မင်းကြောင့် ထိုသူကတစ်ချက်ပြုံးရင်း ဆိုဖာတွေကိုညွှန်ပြလာတယ် ...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now